Part 15(2)

1.5K 264 12
                                    

[Zawgyi]

ခယ့်​ချန်းဝမ်​ အလွန်​ဗိုက်ဆာေ​နသဖြင့်​ အရင်​ဆုံးအပြင်​တွင်​ညစာစားပြီးခါမှ ခရီး​ဆောင်​အိတ်​ကိုယူပြီး​ရောက်​လာခဲ့တယ်​။

ဖန်​သား​ဘောင်​အနားသူ​ရောက်​တဲ့အချိန်​မှာပဲ ​ရွှေ့ ​ပြောင်း​ကျောင်းသူနဲ့ ​ရွှေတံဆိပ်​အတန်းကရှန်​လီ​ယောင်​တို့ တစ်​​ယောက်​နဲ့တစ်​​ယောက်​မျက်​နှာချင်းဆိုင်​ထိုင်​​နေတာကို သူ​​တွေ့လိုက်​ရတယ်​။

ရှန်​လီ​ယောင်​ရဲ့​အေးစက်​​နေတဲ့အကြည့်​​တွေအရဆိုလျှင်​ သူတို့စကားများ​နေပုံ​ပေါ်သည်​__
ဘယ်​လိုပင်​ဖြစ်​​နေပါ​​စေ သူတို့နှစ်​​ယောက်​အ​တော်​​လေးရင်းနှီးကြတယ်​ဆိုတာ သိသာ​နေတယ်​။သူတို့နှစ်​​ယောက်​မှာ အလွန်​ကြွယ်​ဝတဲ့အချစ်​ရာဇဝင်​ရှိတယ်​ဆိုတဲ့ သူကြားခဲ့ဖူးတဲ့အတိုင်း သူတို့ပြုမူ​နေကြတယ်​။

F**k

ငါဘာလုပ်​ရ​မလဲ? ​ရွှေ့​ပြောင်း​ကျောင်းသူကို အပြင်​ထွက်​လာခိုင်းလိုက်​သင့်​လား ဒီလိုဆို အစ်​ကိုရှီနဲ့ ရှန်​လီ​ယောင်​တို့ဆုံ​တွေ့သွားမှာကို ငါတားဆီးနိုင်​မလား။?

ခယ့်​ချန်းဝမ်​ သူ့နှလုံးခုန်​​ပေါ​က်ေ​နသံကို သူ့နားက​နေပင်​သူကြား​နေရသည်​။သူဝင်​သွားမလို့ပြင်​လိုက်​ပြီး နည်းလမ်းရှာ​နေတုန်းမှာပဲ ရုတ်​တရက်​ တစ်​စုံတစ်​​ယောက်​က သူ့ပခုံးကိုပုတ်​လာခဲ့တယ်​။
"မင်းဘာလို့ ဒီမှာရှိ​နေ​သေးတာလဲ?"

ခယ့်​ချန်းဝမ်​ တစ်ခါတည်းအသက်​ရှုရပ်​သွား​တော့မလိုပင်​။

သူ​လှည့်​ကြည့်​လိုက်​​တော့ ဖူယန်​ရှီကသူ့​နောက်​မှာရပ်​​နေတာ​တွေ့လိုက်​ရတယ်​၊သူ့ရဲ့(FYX)ဆံပင်​​တွေက​လေ​တိုက်​ခတ်​မှု​ကြောင့်​ရှုပ်​ပွ​နေပြီး အားကစားအင်္ကျီကိုဝတ်​ဆင်​လို့ထားတယ်​။

သူ့ရဲ့ခန္ဓာကိုယ်​က ​ည​ဘက်တိုက်ခတ်လာတဲ့ ​အေးစိမ့်​စိမ့်ေ​​​လ​အေး​တွေထဲမှာနစ်​မြုပ်​​နေသလိုပင်​။သူက သူနဲ့အတူအသင့်​စားထမင်း​ဘူးကြီးကိုလည်း သယ်​​ဆောင်​ထားခဲ့တယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now