Part 13

1.4K 277 12
                                    

[Zawgyi]

ကျောက်​ယွီနင်​ လုံးဝထိတ်​လန့်​သွားတယ်​။
"ကျွန်​​တော်​တို့ ဘာ_ဘာလုပ်​ရမလဲ?"

အစ်​ကိုကြီးဒီကိုလာတာလည်း အသုံးမဝင်​ဘူး။အစ်​မမင်​ရှီကဓာတ်​ပုံကိုလွှင့်​ပစ်​လိုက်​တယ်​။

"မင်​ရှီ မင်းကိုငါတို့ဆီဘာ​ပြောခိုင်းချင်​တာလဲ?"
လို့ ​​ကျောက်​ကျန့်​ဟွိုက်​​ ​မေးလိုက်​တယ်​။

ကျောက်​ကျန့်​ဟွိုက်​​ဘယ်​​လောက်​​တောင်​ ​ဒေါသထွက်​​နေလဲဆိုတာမြင်​​တော့ ​ကျောက်​ယွီနင်​ဒီထက်​ပိုပြီး တိတ်​တဆိတ်​မသိမ်းထားရဲ​တော့​ဘူး။သူမ​,​ပြောခဲ့တာကိုပဲ သူတစ်ကြိမ်ြ​​​ပန်​ထပ်​​ပြောလိုက်​နိုင်​တယ်​။ပြောပြီး​နောက်​မှာ သူပိုလို့​ကြောက်​ရွံ့ လာတယ်​"အစ်​ကိုကြီး သူမ​ပြောတဲ့ကျွန်​တော်​တို့နဲ့ အဆက်​အသွယ်​​တွေအကုန်​ဖြတ်​ပစ်​ချင်​တယ်​ဆိုတာ သူမ​ဒေါသ​ကြောင့်​​ပြောထွက်​ခဲ့တာလား ဒါမှမဟုတ်....သူမဒီတစ်​ခါအ​လေးအနက်​နဲ့ အတည်​​ပြော​နေတယ်​လို့ ကျွန်​​တော်​ ဘာလို့ခံစား​နေရတာလဲ?!"

"မင်းငါ့ကိုဘာလို့ဒီအ​ကြောင်း ​စော​စောမ​ပြောခဲ့တာလဲ?!"

ကျောက်​ယွီနင်​ဘာသံမှမထွက်​ရဲ​ပေ။

ကျောက်​ကျန့်​ဟွိုက်​​ရဲ့အ​တွေး​တွေက ​က​သောင်းကနင်းဖြစ်​​နေသည်​။သူ​ကျောက်​ယွီနင်​ကို တစ်​ချက်​ကြည့်​လိုက်​ပြီး ​ပြောလာခဲ့တယ်​။
"ထားလိုက်​​တော့၊ယာဉ်​​မောင်းကို အိမ်​လိုက်​ပို့ခိုင်းလိုက်​​တော့။ငါမင်​ရှီနဲ့စကားသွား​ပြောလိုက်​မယ်​။"

ကျောက်​ယွီနင်​ဘာမှမ​တွေးနိုင်​​တော့ဘဲ သူ​"​ကောင်းပြီ"လို့သာ​ပြောနိုင်​ခဲ့တယ်​။

ဖူယန်​ရှီကသူ့​အိတ်​ကို​ကောက်​ကိုင်​ပြီး ​အတန်းရဲ့အ​နောက်​တံခါးက​နေထွက်​လာခဲ့တယ်​။သူလှည့်​လိုက်​တာနဲ့ ​ကျောက်​မင်​ရှီက ​ယောင်္ကျားနှစ်​​ယောက်​နဲ့ထွက်​သွားပြီး ​လေထုကအ​တော်​​လေးဆိုးရွား​နေတာကိုသူ​တွေ့လိုက်​ရတယ်​။

"အဲ့မှာရပ်​​နေတဲ့ အရူးနှစ်​​ယောက်​ကဘယ်​သူလဲ?" သူသတိမမူမိပဲ ​လျှောက်​သွားလိုက်​တယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now