Part 7

1.3K 257 3
                                    

[Zawgyi]

နောက်​​နေ့မနက်​ အိပ်​ရာမှနိုးလာတဲ့ မင်​ရှီက​တော့သခင်ေ​လးဖူရဲ့နှလုံးသားထဲက သူမရဲ့ပုံရိပ်​ကလူလိမ်​နဲ့မခြားနိမ့်​ကျသွားမှန်းမသိခဲ့​ပေ။

သူမသန့်​စင်​ပြီးတာနဲ့ ဆံပင်​ဖြီးလိုက်​ပြီး​ဖုန်းကိုထုတ်​လိုက်​သည်​။ဖူယန်​ရှီကို Full stopတစ်​ခုပို့​ပေးလိုက်​သည်​:"( . )"

ထုံးစံအတိုင်း သခင်ေ​လးကဘာမှပြန်​မပို့​ပေ။

ကြည့်​ရတာ ငါ့ကိုတကယ်​ အသံပိတ်​ထားလိုက်​ပုံပဲ။

ဒါကအတိအကျကို မင်​ရှီလိုချင်​တဲ့အတိုင်းပဲ။နောက်​ပိုင်း သူမဘာပို့ပို့ကိစ္စမရှိ​တော့တာမို့ စိတ်​သက်​သာသွားသည်​။

ထို့​ကြောင့်​မင်​ရှီသူ့ကို​နောက်​ထပ်​ရိုးရှင်းတဲ့Full stopနှစ်​ခုပို့​ပေးလိုက်​သည်​။

ဤနည်းလမ်းဖြင့်​​ ယ​နေ့Wechatမက်​​ဆေ့သုံး​စောင်​ပို့ရမဲ့ သူမတာဝန်​ပြီး​မြောက်​သွားခဲ့သည်​။

မင်​ရှီသူမရဲ့ပန်းအိုးကိုကြည့်​လိုက်​သည်​။မက်​​ဆေ့သုံး​စောင်​ကရတဲ့ ကံ​ကောင်းခြင်းကမ​နေ့က​လောက်​မများ​ပေ။ငါးခု​မြောက်​အပင်​​ပေါက်​​လေးက အနည်းငယ်​သာကြီးထွားလာသည်​။သို့​သော်​​သော်​လည်းခြင်​​ခြေ​ထောက်​ကဘယ်​​လောက်​ပဲ​သေးငယ်​​နေပါ​စေ ဤအရာကလည်းအသားဖြစ်​​နေတုန်းပင်​။မင်​ရှီဒီ​လောက်​နှင့်​​ကျေနပ်​​နေပြီဖြစ်​သည်​။

မင်​ရှီသူမရဲ့မျက်​နှာ ဘယ်​ဘက်​ခြမ်းကို မှန်​ထဲထပ်​ကြည့်​လိုက်​သည်​။ဘယ်​ဘက်​ခြမ်းရှိ အမာရွတ်​သည်​ မှိန်​​ဖျော့​​ဖျော့အ​ပေါ်ယံအကွက်​ တစ်​ခုသာကျန်​​တော့သည်​။

ဖူယန်​ရှီတစ်​ညလုံး​ကောင်း​ကောင်းအိပ်​မ​ပျော်​ခဲ့တာ​ကြောင့်​ မနက်​အိပ်​ရာနိုးလာတဲ့အခါသူ့အနားက​ ​လေထုမှာတိမ်​ထူကာဆိုးရွား​နေ​လေသည်​။ပြင်​သစ်​ပြတင်း​ပေါက်​​ရှေ့တွင်​ ထိုင်​၍​ကော်​ဖီ​သောက်​​နေတဲ့သူ့ အနားအ​စေခံ​တွေ​တောင်​မချဉ်းကပ်​ရဲကြ​ပေ။

သူ့ဖုန်းကအကြိမ်​အနည်းငယ်​တုန်​ခါသွားသည်​။သူ​ဒေါသတကြီးဖွင့်​ကြည့်​လိုက်​​တော့​ ​ရွှေ​ပြောင်း​ကျောင်းသူဆီက မက်​​ဆေ့ကို​တွေ့လိုက်​ရသည်​။
" . "
" . "
" . "
Full stopသုံးခု။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now