Part 10

1.5K 267 7
                                    

[Zawgyi]

ခယ့်​ချန်းဝမ်​ ​သေချာ​ပေါက်​ဤ​မေးခွန်းကိုမ​ဖြေဖို့ ​ရွေးချယ်​လိုက်​ပြီး ထိုအစား သူ​ခေါင်းစဉ်​ကိုချက်​ချင်း​ပြောင်းလဲလိုက်​တယ်​"အစ်​ကိုရှီ၊အစ်​ကိုဘာလို့တစ်​​ယောက်​​ယောက်​ကို သူမစားပွဲကိုပြန်​မ​ရွှေ့ ခိုင်းလိုက်​ရတာလဲ?"

ဖူယန်​ရှီသတိ​ပေးတဲ့ပုံစံနဲ့ မျက်​ခုံးပင့်​လိုက်​ပြီး:"?"

ခယ့်​ချန်းဝမ်​ သူ့​ဘေးနားကအန္တရာယ်​ကိုနားမလည်​ဘဲ သူ့အစီအစဉ်​ကိုဆက်​​ပြောလို့​နေ​တယ်​"ဒါမှမဟုတ်​ အစ်​ကို*ချုံပုတ်​အနားကိုသွားရိုက်​နိုင်​တယ်​။အစ်​ကိုတို့ကိုအတူထိုင်​ခိုင်းဖို့ အတန်းပိုင်​ကို အတင်း​အကျပ် စီစဉ်​ခိုင်း​လို့ရတယ်​။နောက်​ သူမဒီကို​ရောက်​လာရင်​ အတန်းပိုင်​ကအတင်းအစ်​ကိုတို့ကို အတူထိုင်​ခိုင်းသလိုမျိုး အစ်​ကိုစိတ်​တိုချင်​​ယောင်​​ဆောင်​လို့ရတယ်​။ဒီလိုဆိုသူမကိုဒီမှာပြန်​ထိုင်​ခိုင်းဖို့် အဆင်​မ​ပြေဘူးလား?
အဲ့ဒါက အစ်​ကိုသူမကိုကြည့်​ဖို့ ဆက်​တိုက်​လှည့်​​နေရတာ​က​နေ လည်​ပင်းရိုးအဆစ်​အမြစ်​​ရောဂါရနိုင်​​ချေကိုလည်း သက်​သာ​စေတယ်​။"

[TN: *​ပြောချင်တဲ့​အဓိကအ​ကြောင်းရင်းကို မ​ရောက်​ဘဲ ပတ်​လည်​ရိုက်​​နေတာမျိုး​ပေါ့။ဒီမှာဆိုသခင်​​လေးဖူက မင်​ရှီကိုသူ့နားပြန်​ထိုင်​​စေချင်​တယ်​ ဒါ​ပေမယ့်​ သူကိုယ်​တိုင်​သွားပြန်​​ခေါ်ဖို့ကလုံးဝမဖြစ်​နိုင်​ဘူး။ဒီ​တော့​ဝေ့ပတ်​ပြီး ​ဆရာကစီစဉ်​​ပေးတာ​ကြောင့်​ထိုင်​ရသလိုလုပ်​ဖို့ ချန်းဝမ်​ကအကြံ​ပေးတယ်​]

ဖူယန်​ရှီ ​နောက်​ဆုံးစာ​ကြောင်းကို ကြား​တော့ စာအုပ်​ကို​ကောက်​ကိုင်​ပြီး ၎င်းနဲ့ ခယ့်​ချန်းဝမ်​ကိုပစ်​​ပေါက်​လုနီးပါးပင်​။"သူမကသာ ငါ့ကိုလိုက်​​နေတဲ့တစ်ေ​ယာက်၊​ငါမဟုတ်​ဘူး! သူမကိုငါဒီ​​နေရာပြန်​လာ​စေချင်​တယ်​လို့ မင်းဘယ်​မျက်​လုံးနဲ့မြင်​လိုက်​တာလဲ?"

ခယ့်​ချန်းဝမ်​ သူ့​ခေါင်းကို​နောက်​ဆုတ်​လိုက်​တယ်​။ဖူယန်​ရှီ ​ဒေါသ​ကြောင့်​​ပေါက်​ကွဲ​တော့မလိုပင်​။"မင်းဒီလို ရှုပ်​ပွ​နေတဲ့စိတ်​ကူးနဲ့ ဘာလို့အနားကပ်​လာတာလဲ? ငါသူမနဲ့ ထိုင်​ခုံ​ဖော်​ဖြစ်​ချင်​တယ်​လို့ ​ပြောမိလား? ဒီတစ်​မနက်​လုံး သူမရဲ့ကိုယ်​ပိုင်​ကိစ္စ​တွေပဲ သူမအ​လေးထား​နေလို့ ငါပို​ကောင်း​ကောင်းအိပ်​​နေရတာ မင်းမ​တွေ့ဘူးလား?"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now