Part 25(2)

1.1K 212 3
                                    

[Zawgyi]

ဆယ့်​နှစ်​ရာသီအတန်းသည်​လည်း နိုင်​ငံတကာအတန်းက​ ​ကျောက်​မင်​ရှီနဲ့ ​ရွှေတံဆိပ်​အတန်းက ရှန်းချီတို့ အဆင့်​​တွေပြန်​သတ်​မှတ်​ရမဲ့သတင်းကိုရရှိခဲ့တယ်​။

သတင်းထွက်​လာတာနဲ့တစ်​ပြိုင်​နက်​ ယဲ့ပင်းလည်းအတန်းထဲကထွက်​ပြီး ပြန်​လည်​ပြင်​ဆင်​ရာမှာပါဝင်​ဖို့ ရုံးခန်းကိုထွက်​သွားခဲ့တယ်​။

စည်းကမ်းတင်းကျပ်​တဲ့ ယဲ့ပင်းထွက်​သွားတာနဲ့ ဆယ့်​နှစ်​ရာသီအတန်းထဲက ​ဆွေး​နွေးမှု​တွေကပိုကျယ်​​လောင်​လာခဲ့သည်​။

"ဘာလို့များ ​ကျောက်​မင်​ရှီက ဒီ​လောက်​မြင့်တဲ့အမှတ်ေ​​တွ ရလဲဆိုတာ ငါသိချင်​​နေခဲ့တာ။မှားတွက်​မိတာ ဖြစ်​​နေတာပဲ။"

လီ​ဟေးယန်​ မ​နေနိုင်​ဘဲ ​ကျောက်​မင်​ရှီအတွက်​ဝင်​​ပြော​လိုက်​သည်​ "ဇီဝ​ဗေဒ​မေးခွန်းက ကွက်​လပ်​ဖြည့်​တစ်​ပုဒ်​တည်းမှာ နည်းနည်းမှားသွားတယ်​ဆိုတာ မင်းမကြားလိုက်​ဘူးလား ? အဲ့အတွက်​က ၃မှတ်​တည်း။ သူတို့အဲ့၃မှတ်​ကိုနှုတ်​လိုက်​ရင်​​တောင်​ သူမမှာ၆၉၇မှတ်​ရှိ​နေတုန်းပဲ ၊ ဒါကတင်​အရမ်း​ကောင်း​နေပြီ။"

"ဒါ​ပေမဲ့ အဲ့အခါကျရင်​ သူမရဲ့အဆင့်​ကျသွားလိမ့်​မယ်​_သူမ " ထိုလူက​ခေါင်း​မော့ကာ "​ သူမက ​ကျောက်​ယွမ်​ရဲ့​အောက်​ အဆင့်​၂၂​​ ရ​လောက်​တယ်​။"

ကျောက်​ယွမ်​ရဲ့​ခေါင်းထဲ ​သွေး​ဆောင့်​တက်​သွားခဲ့တယ်။နောက်ဆုံးေ​တာ့ သူမစိတ်​ထဲကခံစားချက်​​တွေ အနည်းငယ်​​လျော့ပါးလာခဲ့တယ်​။ထိုသုံးမှတ်​ကို ​ကျောက်​မင်​ရှီတကယ်​ဆုံးရှုံးသွားပါက ထွက်​လာမဲ့ရလဒ်​ကို သူမကိုယ်​သူမတွန်းအား​ပေးကာ တွက်​ချက်​​နေခဲ့သည်​။

အမှတ်​ကိုသာနှုတ်​ယူခဲ့မယ်​ဆိုရင်​ သူမကအဆင့်၁၉​မှာရှိ​နေချိန်​ ​ကျောက်​မင်​ရှီကအဆင့်​ ၂၂မှာပဲရှိ​နေလိမ့်​မယ်​။

ဖူရှုအန်းကလည်း စိတ်​ထဲအမြန်​တွက်​ချက်​လိုက်​သည်​။သူမတံ​တွေးမျိုချလိုက်​ပြီး "ဒီတစ်​ကြိမ်​ ​ကျောက်​မင်​ရှီက ​ကောင်း​ကောင်းလုပ်​နိုင်​မယ်​လို့ ဘယ်​သူကထင်​ထားမှာလဲ ? ဒါတိုက်​ဆိုင်​မှုသက်​သက်​ပဲလား ? ရှန်​လီ​ယောင်​က အ​ရေးကြီးတဲ့​နေရာ​တွေကို သူမအတွက်​ ညွှန်​ပြ​ပေးခဲ့တာလား ? ဒါ​ပေမဲ့ သူတို့အဆင့်​​တွေကို ပြန်ပြင်​မယ်​ဆိုရင်​ သူမကနင့်​​အောက်​​ရောက်​သွားလိမ့်​မယ်​။ဒါဆို_"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now