Part 21(2)

1.2K 219 4
                                    

[Zawgyi]


မင်​ရှီ အတန်းထဲပြန်​ဝင်​သွားတယ်​။သူမထိုင်​ခုံမှာ ဝင်​ထိုင်​ပြီး မ​နေနိုင်​ဘဲ ဖူယန်​ရှီကို​ပြောလိုက်​တယ်​ "သူ့နာမည်​ကလီ​ဟေးယန်​"


ခယ့်​ချန်းဝမ်​ ရယ်​​မောလာခဲ့တယ်​။

သို့​သော်​ ဖူယန်​ရှီကသူ့မျက်​နှာ​ပေါ်က ​ကြောက်​စရာ​ကောင်းတဲ့အမူအရာကို ပြန်​မသိမ်း​သေးဘူး။
ကျောက်​မင်​ရှီ အဲ့တစ်​​ယောက်​ရဲ့နာမည်​ကို ဘယ်​လိုမှတ်​မိ​နေလဲ သူဂရုမစိုက်​သလို ခယ့်​ချန်းဝမ်​ကိုလည်း ဂရုစိုက်​ချင်​စိတ်​ရှိမ​နေဘူး။


သူ​နေရာမှာရပ်​​ပြီး ​ကျောက်​မင်​ရှီထိုင်​ချလိုက်​တာကို ကြည့်​​နေခဲ့တယ်​။သူထိန်းချုပ်​မှုလွတ်​လုနီးပါးဖြစ်​သွား​ပေမယ့်​ သူတံ​တွေးမျိုချလိုက်​ပြီး သူ့ကိုယ်​သူပြန်​ထိန်းချုပ်​လိုက်​နိုင်​တယ်​။

ကျောက်​မင်​ရှီက အကြမ်းစာရွက်​​တွေယူပြီး ဆက်​​လေ့ကျင့်​​နေတာ မြင်​​တော့ ဖူယန်​ရှီလည်း သူ့ထိုင်​ခုံကိုဆွဲကာ ထိုင်​ချလိုက်​ပြီး ခဏကြာ​အောင်​ သူမကို​လေ့လာ​နေခဲ့တယ်​။


သူ့မျက်​နှာကတည်​တံ့​​နေ​ပေမယ့်​ သူ​မေးလိုက်​တဲ့အခါမှာ သူ့အသံကအရမ်းနိမ့်​ပြီး​ပျော့​ပျောင်း​နေခဲ့တယ်​"မင်းမိသားစုထဲက လူ​တွေအားလုံးအဲ့အတိုင်းချည်​ပဲလား?"


မင်​ရှီက အဲ့အ​ကြောင်းမ​ပြောချင်​ဘူး။ဖူယန်​ရှီက သူမကိုတစ်​ကြိမ်​ထက်​မက ကူညီခဲ့​ပေမယ့်​ သူတို့မှာ ​နောက်​လိုက်​နဲ့အစ်​ကိုကြီးကြား ခင်​မင်​တဲ့ဆက်​ဆံ​ရေးပဲရှိပုံ​ပေါ်ပြီး မင်​ရှီအတွက်​ လွန်​ခဲ့တဲ့နှစ်​နှစ်​ကအ​ကြောင်း​ပြောပြဖို့ ခက်​ခဲ​နေ​တုန်းပဲ။ဘယ်​ကစ​ပြောရမလဲ သူမ,မသိဘူး။


သူမ စကားတစ်​ခွန်းမှမ​ပြောဘဲ ပြိုင်​ပွဲ​မေးခွန်း​တွေကို တိတ်​တဆိတ်​လှန်​​လှော်​​နေခဲ့တယ်​။


ဖူယန်​ရှီ စိတ်​ရှုပ်​ရှုပ်​နဲ့ သူ့​ခေါင်းကိုကုတ်​လိုက်​တယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now