Part 27(1)

816 144 1
                                    

Zawgyi

သို့​သော်​ ဆယ့်​နှစ်​ရာသီအတန်းသည်​ စာသင်​ခန်းအပြင်​တွင်​သာ ​အော်​ဟစ်​ရဲသည်​။

ဖူယန်​ရှီက မည်း​မှောင်​​နေတဲ့မျက်​နှာထားဖြင့်​ ထွက်​လာတာနဲ့ ၊ သူ့ရဲ့အနီ​ရောင်​ဆံပင်​ဖုတ်​သိုက်​ တစ်​ဝက်​​လောက်​ တံခါးကမထွက်​နိုင်​​သေးခင်​မှာပင်​ သူတို့ရဲ့ကိုယ်​ပိုင်​​မျှော်​စင်​ကို ကာကွယ်​ဖို့ပြန်​​ပြေးသွားကြသည့်​ ​နောက်​လိုက်​​လေး​တွေလိုပဲ လူအုပ်​ကြီးက လူစုကွဲသွားကြသည်​။ဖူယန်​ရှီ အနားကပ်​လာမှာ ​ကြောက်​ရွံ့ပြီး သူတို့၏​ကျော​တွေကို သတိအ​နေအထားဖြင့်​ နံရံမှာကပ်​ထားကြသည်​။

သူတို့သည်​ သူ့ကိုဆက်​စိုက်​ကြည့်​​နေဖို့သာ သတ္တိရှိကြသည်​။

"ဘာ​တွေဆူညံ​နေကြတာလဲ ?" ဖူယန်​ရှီက သူ၏ငွေ​ရောင်​နားကြပ်​ကို လည်​ပင်းတွင်​ဆွဲထားသည်​။သူ့လက်​​တွေကို အိတ်​ကပ်​ထဲထည့်​ထားရင်း ဆယ့်​နှစ်​ရာသီအတန်းက လူ​တွေကိုပျင်းရိစွာကြည့်​​နေခဲ့သည်​။ "အပို​နေရာက ​ကျောက်​မင်​ရှီကို​ပေးလိုက်​မှ​တော့ သူမမှာအဲ့အတွက်​ အရည်​အချင်းရှိတယ်ဆိုတာ ပြ​နေတာပဲ။မင်းတို့ အရုပ်​ဆိုးဆိုးလူ​တွေက ဘာအတွက်​ရှုပ်​ချင်​​နေကြတာလဲ ?"

နိုင်​ငံတကာအတန်းမှ​နောက်​လိုက်​​တွေသည်​ ဖူယန်​ရှီ ​ပေါ်ထွက်​လာတာကိုမြင်​​တော့ သူတို့ ယုံကြည်​ချက်​​တွေ ချက်​ချင်း တိုးမြှင့်​သွားကြသည်​။သူတို့ ​ခါးများ​ဖြောင့်​မတ်​သွားကာ ပြန်​​အော်​ဟစ်​ကြသည်​။

"ဟုတ်​တယ်​ ! "

"အဲ့​နေရာဝယ်​ဖို့ ငါတို့ကပိုက်​ဆံသုံးတယ်​လို့ မင်​တို့အ​ရေးမပါတဲ့လူ​တွေက ဘယ်​လိုများ​ပြောရဲတာလဲ ? ဒီ​နေရာကို မင်းတို့ဆယ့်​နှစ်​ရာသီအတန်းကလူကို ​ပေး​တော့​ရော ဘာအသုံးဝင်​မှာမလို့လဲ ? ပြီးခဲ့တဲ့သင်္ချာစာ​မေးပွဲက ​နောက်​ဆုံး​မေးခွန်းကို မင်းတို့အတန်းက တစ်​​ယောက်​​ယောက်​များ ပြီး​အောင်​ ​ဖြေနိုင်​ခဲ့လို့လား ? ဟား ဟား။"

"ဌာနမှူးက ငါတို့အတန်းကိုတန်​ဖိုးထားလို့ ဒီ​နေရာကို ​ကျောက်​မင်​ရှီဆီ အတင်းေ​ပးလိုက်​တာမဟုတ်​ဘူးလား ? ကျစ်​ ! ငါတို့အတန်းက ​ကျောင်းပန်း​လေးဂုဏ်​ပုဒ်​ကို​တောင်​ မလိုချင်​ပါဘူး​နော်​ ! "

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now