Part 3
1.4K 240 2
[Zawgyi]
သူမ​ဖြည်းညှင်းစွာ​ပြေး​နေခဲ့တယ်​။
ဒါက​သေ​ရေးရှင်​​ရေး နဲ့သာပတ်သက်​မ​နေရင်​ သူမဒီလိုလုံ့လရှိရှိနဲ့ ဘာ​ကြောင့်​ကြိုးစား​နေမိမှန်း မင်​ရှီနားလည်​နိုင်​မှာမဟုတ်​ဘူး။သူမ တစ်​ကိုယ်​လုံး​ချွေးများ ရွှဲစိုလျက်​နှင့်​ တစ်​​ခေါက်​ပြီးတစ်​​ခေါက်​​ပြေး​နေခဲ့တယ်​။
နိုင်​ငံတကာအတန်းမှ​ကောင်​​လေးတစ်​​ယောက်​ ​​ရောက်​လာပြီး သူမ​နေရာအစား​ထိုး​ပေးမည်​လို့ ​ပြော​သော်​လည်း သူမလျစ်​လျူရှုကာ ငြင်းပယ်​လိုက်​သည်​။
ကောင်​​လေးကပြန်​​ပြေးသွားပြီး အဖြစ်​အပျက်​ကိုအတန်းထဲကလူ​တွေကို ပြန်​​ပြောလိုက်​သည်​။
အတန်းပြီးတာနဲ့ နိုင်​ငံတကာအတန်းတစ်​ခုလုံး ရုတ်​ရုတ်​သဲသဲဖြစ်​သွားသည်​။
ဖူယန်​ရှီရဲ့နားထဲ​ရောက်​သွား ချိန်​မှာ​တော့ ​​ရွှေ့​ပြောင်း​ကျောင်းသူအသစ်​က သူ့အတွက်​ဝမ်းသာအားရ အစား​ပြေး​ပေးပြီး ​ပြေး​နေချိန်​မှာ​တောင်​ သူမရဲ့မျက်​နှာ​ပေါ်တွင်​ ရွှင်​မြူး​သောအပြုံးများဖြင့်​ ​ပြေး​နေသည့်​ဇာတ်​လမ်းဖြစ်​သွား​လေသည်​။
ဖူယန်​ရှီသူ​နေထိုင်​လာတဲ့ ၁၇နှစ်​တာအတွင်း ဒီလို စိတ်​အားထက်​သန်​ပြီး သိသာထင်​ရှားတဲ့လိုက်​ပိုးပန်းမှုမျိုး မ​တွေ့ခဲ့ဖူး​ဘူး။
သူ့နှလုံးသားထဲက အနီ​ရောင်​ဌက်​ငယ်​​လေးက သူ့ရင်​ဘတ်​ကို ​ဖောက်​ထွင်းပြီး အ​တောင်ေ​တွကို ရွှင်​မြူးစွာလှုပ်​ယမ်း​နေ​လေသည်​။သူ့မျက်​နှာ​ပေါ်တွင်​​တော့ အလွန်​စိတ်​မရှည်​သည့်​ပုံနှင့်​ စာ​ရေးခုံကို​ဆောင့်​ချလိုက်​ပြီး ​အော်​ခဲ့တယ်​ "မင်းတို့အားလုံး အတင်း​ပြောလို့ပြီးပြီလား? ဘယ်​လို​တောင်​ဆူညံလိုက်​တဲ့ ​​ကောင်​​တွေလဲ။?
I Just Want To Freeload on Your Luck(MM translation)Opowieści tętniące życiem. Odkryj je teraz