Part 29(1)

755 115 3
                                    

[Zawgyi]


ကျောက်မိသားစုထဲရှိ လူတိုင်းခံစားချက်တွေရှုပ်ထွေးနေပြီး သူတို့အိမ်ဘယ်လိုပြန်ရောက်လာလဲပင် သူတို့မသိချေ။

အမေကျောက် ဗီလာကိုပြန်ရောက်ချိန်တွင် သူမလက်တွေတုန်ယင်နေခဲ့သည်။သူမ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားနေပေမဲ့ သူမဒေါက်မြင့်ဖိနပ်ချွတ်ချိန်တွင် ခဏတာစိတ်လွတ်သွားပြီး ဟန်ချက်ပျက်ကာ လဲကျလုနီးပါးဖြစ်သွားခဲ့သည်။ဘေးတွင်ရပ်နေသည့် ကျောက်ကျန့်ဟွိုက်က တုံ့ဆိုင်းသွားပေမဲ့ သူမ ထနိုင်အောင် ကူညီပေးလိုက်သည်။

အမေကျောက်က ဘာမှပြန်မပြောခဲ့ပေ။သူမက သူမရဲ့ဝတ်စုံကိုဆွဲကိုင်ပြီး သူမအခန်းထဲပြေးဝင်သွားခဲ့သည်။

ခဏအကြာတွင် အခန်းထဲမှ ငိုရှိုက်သံထွက်လာခဲ့သည်။

အိမ်ထဲတွင် အမေကျောက်၏ငိုသံကပဲ့တင်ထွက်နေပြီး လေထုတစ်ခုလုံး ပို၍ထိုင်းမှိုင်းကာ ထိုးကျသွားသည်။

နန်နီနှင့်စားဖိုမှူးက ဘာဖြစ်သွားမှန်းမသိတာကြောင့် အိမ်ထဲမနေရဲတော့ဘဲ သူတို့၏ကိုယ်ပိုင်ဝန်းထဲသို့ပြန်သွားကြသည်။

အဖေကျောက်က စိတ်အခြေအနေဆိုးရွားနေခဲ့သည်။သူက အမေကျောက်ရဲ့အခန်းဘက်ကိုလှမ်းကြည့်လိုက်တယ်။သူ မဒမ်ကျောက်ကိုပိုအပြစ်တင်ပေမဲ့ အလွန်ပင်ပန်းနေတာကြောင့် ဘာမှသိပ်မပြောတော့ဘဲ "မွေးနေ့ပါတီမှာ ပြန်မပို့ရသေးတဲ့ ဧည့်သည်တွေအများကြီးရှိသေးတယ်။ငါအဲ့ကိုသွားရအုန်းမယ်"လို့သာပြောလိုက်သည်။

ဤနှစ်မွေးနေ့ပါတီက လုံးဝပျက်စီးသွားသည်လို့ ယူဆနိုင်သည်။

ထို့အပြင် ၎င်းကအမေကျောက်အတွက် ဘယ်တော့မှမေ့မရနိုင်သည့် မွေးနေ့ဖြစ်လာနိုင်သည်။

မဒမ်ကျောက်က သူမ၏ညနေခင်းဝတ်စုံကိုလဲဝတ်ပြီးခါစဖြစ်ပြီး ဧည့်သည်တွေကိုနှုတ်ဆက်ရန်အချိန်ပင်မရလိုက်ပေ။တကယ်တမ်းတော့ ဧည့်သည်အများစုမရောက်ခင်အချိန်မှာတင် ကျောက်ကျန့်ဟွိုက်၏ဖုန်းခေါ်ဆိုမှုကို သူမရရှိခဲ့တာဖြစ်ပြီး_အခုတော့ သူတို့ကဤအခြေအနေမှာရှိနေခဲ့သည်။မွေးနေ့ပါတီကိုပြန်သွားပြီး ဧည့်သည်တွေကိုဆက်လက်ခံဖို့ စိတ်အခြေအနေ သူတို့မိသားစုမှာ ဘယ်လိုလုပ် ရှိအုန်းမှာလဲ?

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now