Part 16(1)

1.2K 216 3
                                    

[Zawgyi]


ကျောက်​မင်​ရှီက ဖူယန်​ရှီအတွက်​နံနံပင်​​တွေ​ရွေး​ဖယ်​​ပေး​နေတာကို ရှန်​လီ​ယောင်​ဆက်​ကြည့်​​နေခဲ့တယ်​။

ကျောက်​မင်​ရှီက ဖူယန်​ရှီကိုအချိုပွဲ​တွေ​နေ့တိုင်း​ပေး​နေခဲ့တယ်​ဆိုတဲ့ နိုင်​ငံတကာအတန်းက​ကောလဟာလ​တွေကို သူ,မယုံခဲ့ဘူး။ဒါ​ပေမယ့်​အခု​ သူ့မျက်​လုံးနဲ့သူကိုယ်​တိုင်​မြင်​လိုက်​ရ​တော့ သူ​ရွေးစရာမရှိဘဲယုံရ​တော့မှာပဲ။


သူလက်​သီးကိုတင်းတင်းကျပ်​ကျပ်​ဆုပ်​ကိုင်​လိုက်​တယ်​။ကြီးမားတဲ့ဆီအိုးကြီးတစ်​လုံးက ပွက်​ပွက်​ဆူ​နေသလို သူ့ကိုစိုးရိမ်​​စေပြီး စိတ်​အ​နှောင့်​အယှက်​ဖြစ်​​အောင်​ပြုလုပ်​​နေတယ်​။

ဒီမြင်​ကွင်းကိုမြင်​တဲ့အချိန်​မှာ သူ့မျက်​လုံးထဲအပ်​တစ်​​ချောင်းလာစူး​နေသလို ဘာ​ကြောင့်​ခံစား​နေရမှန်း သူ့ကိုယ်​သူ​တောင်​အ​ကြောင်းအရင်း​​ကို နားမလည်​နိုင်​​တော့ဘူး။ဒါကကြည့်​ဖို့အရမ်းကိုနာကျင်​​စေတယ်​။


ကျောက်​မင်​ရှီက ဖူယန်​ရှီအ​ပေါ်အမှန်​တကယ်​ကျဆုံးသွားပြီလို့ သူ,မထင်​ဘူး။သူမစိတ်​ဆိုး​နေ​သေးတာပဲဖြစ်​မယ်​။သူမမိသားစုနဲ့ သူ့ကို ​ဒေါသထွက်​​နေ​သေးတာပဲဖြစ်မယ်​။ဒါမှမဟုတ်​ရင်​ သူ့​ရှေ့တည့်​တည့်​မှာဖူယန်​ရှီအတွက်​နံနံပင်​​တွေ​ကို ရည်ရွယ်ချက်ရှိရှိေ​​​ရွးဖယ်​​ပေး​နေမှာမဟုတ်​ဘူး။သူမဒါကိုတမင်​လုပ်​​နေတာ။


ဒါ​ပေမယ့်​ သူ့ကို သူမအနားထပ်​ချဉ်းကပ်​လာဖို့​မျှော်​လင့်​​နေ​သေးရင်​​တော့ ဒါမဖြစ်​နိုင်သ​လောက်​ပဲ။သူတစ်​ကြိမ်​​တွေ့ခဲ့ပြီးပြီပဲ ​နောက်​တစ်​ကြိမ်​သွား​တွေ့မှာမဟုတ်​ဘူး။

သူ့ရဲ့မာနက သူ့ကိုခွင့်​မပြုဘူး။ရှန်​လီ​ယောင်​တည်​ငြိမ်​သွားခဲ့တယ်။အရင်​ဆုံး​ကျောက်​မင်​ရှီစိတ်​တည်​ငြိမ်​သွား​အောင်​ထားဖို့ သူဆုံးဖြတ်​လိုက်​တယ်​။သူမ​ဒေါသထွက်​တာပြီးသွားတဲ့အချိန်​ကျရင်​ အရာအားလုံးပုံမှန်​ပြန်​ဖြစ်​သွားလိမ့်​မယ်​။


I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now