Part 5

1.4K 241 3
                                    

[Zawgyi]

ထိုအချိန်​တွင်​ မင်​ရှီအ​နောက်​တံခါးမှ နိုင်​ငံတကာအတန်းထဲသို့ဝင်​သွားသည်​။နေ့လည်​စာစားချိန်​ဖြစ်​ပြီး​ ​လေ​အေး​ပေးစက်​က ​လေ​​ပြေ​အေးများမှုတ်​ထုတ်​​နေသည်​၊သို့​သော်​လည်း အတန်းထဲကမည်​သူကမှ အိပ်​ချင်​မ​နေကြ​ပေ။သူတို့အားလုံး သူမကိုကြည့်​​နေကြသည်​။

ဤအတန်းထဲတွင်​လူနှစ်​မျိုးသာရှိသည်​__
‌ဖူယန်​ရှီ၏သူငယ်​ချင်းများနှင့်​ ဖူယန်​ရှီ၏​နောက်​လိုက်​များ။

စင်​​မြင့်​ပေါ်တွင်​ရပ်​​နေတဲ့ ​ကျောင်းသား​​တွေက​မြန်​မြန်​​အောက်​ဆင်းလာကြပြီး ထိုင်​ခုံကိုမှီ​နေ​ကြ​သော​ကျောင်းသားများသည်​​ကျောများကိုမတ်​၍ထိုင်​လာကြသည်​။

ဖူယန်​ရှီ__​​ကျောင်းလူဆိုးဖြစ်တဲ့ သူကိုယ်တိုင်က​တော့သူ့ရဲ့အိပ်​ချင်​​မူးတူးပုံ​ပေါက်​​နေတဲ့အနီ​ရောင်​ဆံပင်​နဲ့ ဆူညံသံပယ်​ဖျက်​​ပေးသည့်​​ငွေ​ရောင်​နားကြပ်​ကိုသူ့ရဲ့ လည်ပင်းတွင်​ဆွဲထားပြီး၊ရင်​ဘတ်​​ပေါ်တွင်​လည်း အထက်​စီးဆန်​တဲ့အရိုးစုဆွဲကြိုးကိုလည်း​​တွေ့ရသည်​။

သူသည်​စာ​ရေးခုံ​ပေါ်တွင်​ထိုင်​​နေပြီး သူ့​ခြေ​ထောက်​တစ်​ဖက်​ကိုထိုင်​ခုံ​ပေါ်တင်​ထားပြီး ကျန်​တစ်​ဖက်​ကိုတွဲလွဲချထားသည်​။သူ့​ခြေ​ထောက်​​တွေကို ​မြှောက်​လိုက်​ပြီး အတန်းထဲဝင်​လာတဲ့သူမကို ​အေးစက်​စက်​အကြည့်ေ​တွနဲ့ စိုက်​ကြည့်ေ​နသည်​။

အတန်းထဲတွင်​သူမကိုကြည့်​​နေ​သော မျက်​လုံး​လေးဆယ်​​ကျော်​ရှိ​နေပြီး မင်​ရှီကြီးမားတဲ့ဖိအား​ရောက်​​နေသည်​။

သူမရဲ့စာအုပ်​​တွေသည်​ ဖူယန်​ရှီအနားကစာ​ရေးခုံ​ပေါ်တွင်​ပုံထားဆဲဖြစ်​ပြီး သူမရဲ့စာအုပ်​​တွေကို ညစ်​ပတ်​​နေတဲ့​ရေဆိုး​မြောင်းထဲဘယ်​သူကမှမပစ်​​သေးတာ​တွေ့​တော့ သူမအနည်းငယ်​​စိတ်​သာသွားသည်​။

သူမဖိအား​တွေကိုခုခံပြီး ​လျှောက်​သွားလိုက်​သည်​။သူမ​လျှောက်​သွားပြီးတာနဲ့ မင်​ရှီးကမတတ်​နိုင်​ဘဲ အသက်​ပြင်းပြင်းရှုလိုက်​သည်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now