Part 26(2)

1.4K 214 12
                                    

[Zawgyi]

စာသင်​ခန်းထဲပြန်​သွားချိန်​တွင်​....

ခယ့်​ချန်းဝမ်​က အ​စောပိုင်းက ​ကျောက်​မင်​ရှီရဲ့ cello တင်​ဆက်​မှုအ​ကြောင်း​ပြော​​နေတုန်းပင်​။

"Fu*k ၊ မင်​ရှီ မင်းကနိမ့်​ချလွန်း​နေတာပဲ။ဒီလိုစ​ကေးမျိုးအ​ကြောင်း မင်းအရင်​ကဘာလို့ တစ်​ခါမှမ​ပြောခဲ့တာလဲ ?"

"ဒါကအ​ရေးပါတဲ့ စ​ကေးမျိုးလည်းမဟုတ်​ပါဘူး။"
မင်​ရှီက သူမရဲ့အစမ်း​မေးခွန်းစာရွက်​​တွေကို အံဆွဲထဲ ထည့်​သိမ်းလိုက်​တယ်​။

ထို့အပြင်​ ၎င်းသည်​သူမအရင်​ဘဝက သင်​ထားတဲ့စ​ကေးတစ်​ခုဖြစ်​တာ​ကြောင့်​ ဘယ်​လိုလုပ်​ရမလဲ သူမသိ​သေးရဲ့လား သူမ,မ​သေချာခဲ့ဘူး။

ဒါ​ပေမဲ့ သူမcelloကိုထိလိုက်​တာနဲ့ သူမစိတ်​ထဲစွဲမြဲ​နေတဲ့ ရင်းနှီး​နေတဲ့သံစဉ်​​ပေါ်လာမယ်​လို့ မထင်​ထားခဲ့ဘူး။

မင်းရဲ့စိတ်​ထဲ မြုပ်​နှံထားတဲ့အသိပညာကလွဲပြီး အရာအားလုံးက အစစ်​အမှန်​မဟုတ်တဲ့ပုံပင်​။

"သူမကိုငမ်း​နေတာ ရပ်​လိုက်​​တော့။" ဖူယန်​ရှီက ​ခယ့်​ချန်းဝမ်​ရဲ့​ခေါင်းကိုပြင်းထန်​စွာ တွန်းထုတ်​လိုက်​သည်​။

လူအနည်းငယ်​ထိုင်​ချပြီး​နောက်​တွင်​ ဖူယန်​ရှီက သူ့အတွက်​သူ ​ရေ​နွေးတစ်​ခွက်​ထည့်​လိုက်​တာကို ​မင်​ရှီ​တွေ့လိုက်​သည်​။ထို့​နောက်​သူသည်​ ပုလင်းများစွာထဲက ဗီတာမင်​နဲ့တူတဲ့ အဖြူ​ရောင်​​ဆေးပြား​လေး​တွေကို ​သွန်​ချပြီး ​ရေ​နွေးနဲ့အားလုံးကိုမျိုချလိုက်​တယ်​။

သူဘာ​တွေ​သောက်​​နေလဲ မင်​ရှီ​မေးဖို့ပြင်​တုန်းမှာပဲ ဖူယန်​ရှီက ရုတ်​တရက်​ သူတို့အတန်းရဲ့တံခါးဝကို ပျင်းရိစွာ​လက်ေ​ဝ့ယမ်းပြလိုက်​တယ်​။ "ဒီကိုလာခဲ့"

ညီငယ်​​လေးတစ်​​ယောက်​က အမြန်​​ပြေးလာကာ ​ပုံးကြီးတစ်​ပုံးကို မင်​ရှီရဲ့စားပွဲ​ပေါ်တင်​လိုက်​ပြီး သူမကိုအရင်​ဆုံး​ရွေးချယ်​ခိုင်းလိုက်​တယ်​။

"ဒါကဘာလဲ?" မင်​ရှီရဲ့အာရုံက ၎င်းဆီ​ရောက်​သွားခဲ့သည်​။

ပုံးတစ်​ခုလုံးအပြည့်​ အ​မွေးပွပွမာဖလာ​တွေကို သူမမြင်​လိုက်​ရသည်​။သူတို့အားလုံးနူးညံ့ ​ပျော့​ပျောင်းပုံရသည်​။သူတို့ရဲ့ brandကိုသူမ မ​ပြောတက်​​ပေမဲ့ ၎င်းရဲ့ အထူး​ကောင်းမွန်​တဲ့ပုံအရ နာမည်​ကြီးတံဆိပ်​​တွေပဲဖြစ်​​လောက်​သည်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now