Part 17

1.2K 239 0
                                    

[Zawgyi]

မင်​ရှီ သူမရဲ့အ​ဆောင်​ခန်းထဲပြန်​​ရောက်​တာနဲ့ ပထမဆုံးလုပ်​တာက ​ပိုက်​ဆံ​တွေ​ ​ပျော်​​ပျော်​ကြီး​ရေတွက်​ မဟုတ်​​သေးဘူး သူမရဲ့ပန်းအိုးထဲက အဖူး​လေး​တွေကို​ရေတွက်​တာပဲ။

နံနံပင်​​ရွေး​ပေးတာက​နေ အဖူး​လေးသုံးခု၊သူ့ကို​ဆေးဝယ်​​ပြီး လိမ်း​ပေးတာက​နေ အဖူး​လေးငါးခု ကြီးထွားလာပုံရတယ်​။အရင်​ကအဖူးဆယ့်​ငါးခုနဲ့ ​ပေါင်းလိုက်​ရင်​ သူမမှာ စုစု​ပေါင်းအဖူး၂၃ခုရှိသင့်​တယ်​ ဒါဆိုဘာလို့ အခုအဖူး၃၈ခုရှိ​နေတာလဲ?!

နေပါအုန်း ဒါဆိုသူမမျက်​နှာ__မင်​ရှီ​ပျော်​ရွှင်​စွာနဲ့ သူမမျက်​နှာဖုံးကိုချွတ်​ပြီး မှန်​ထဲက သူမပုံရိပ်​ကိုကြည့်​လိုက်​တယ်​။

အဲ့ဒါတကယ်​မရှိ​တော့ဘူး!

အနီးကပ်​ကြည့်​​နေတာ​တောင်​ သူမမျက်​နှာမှာ ဘာဒဏ်​ရာ အမာရွတ်​မှမ​တွေ့ရဘူး။

ဝိုး ဒါအရမ်းအံ့သြစရာ​ကောင်းတယ်​။

၎င်းက မင်​ရှီ ပြန်​လည်​​မွေးဖွားလာပြီးတည်းက ပထမဆုံးအကြိမ်​ မျက်​ရည်​ကျလုနီးပါးဝမ်းသာရတာပဲ။

System:"ဒါမင်းသူ့လက်​ကို ကိုင်​လိုက်​လို့ပဲ။"

မင်​ရှီ တခဏ​လောက်​​ရေတွက်​​​​နေရင်း တုန်​လှုပ်​သွားတယ်​ "ငါသူ့လက်​ကိုကိုင်​ရုံနဲ့ အဖူး၁၅ခု​တောင်​ရနိုင်​တယ်​​ပေါ့?"

ဒါဆို သူမရဲ့ လုပ်​ရပ်​​တွေကို ဒီ​လောက်​​စေ့​စေ့စပ်​စပ်​နဲ့ စီစဉ်​​နေခဲ့တာဘာအ​ရေးလဲ? သူမ'520'(I Love You)လို့ ​ရေးထားတဲ့ဆိုင်းဘုတ်​ပဲ ကိုင်​ပြီး ဖူယန်​ရှီကိုမြင်​တာနဲ့ သူ့ဆီ​ပြေးသွားပြီး ကျယ်​​လောင်​တဲ့လက်​ခုပ်​တီးသလို သူတို့ရဲ့လက်​​တွေကိုအတူတူ ပူးကပ်​ထားလိုက်​မယ်​။

System:"မင်းအချိန်​ကို သတိမထားမိဘူးလား?
မင်းရဲ့လက်​​ချောင်း​တွေက စုစု​ပေါင်းသုံးမိနစ်​​လောက်​ သူ့လက်​​ချောင်း​တွေကိုထိ​တွေ့​နေခဲ့တာ။ဒါကမင်းသူနဲ့ဒီ​လောက်​အကြာကြီး ရုပ်​ပိုင်းဆိုင်​ရာ ထိတွေ့မှု ရှိတဲ့ ပထမဆုံးအကြိမ်​ပဲ။ခါတိုင်း သက်​​ရောက်​မှုက ပထမဆုံးအကြိမ်​မှာပိုအား​ကောင်းလိမ့်​မယ်​။"

I Just Want To Freeload on Your Luck(MM translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ