Part 8

1.3K 245 0
                                    

[Zawgyi]

ဒီ​ကျောင်းသား​တွေ သူမရဲ့ထိုင်​ခုံကို​ရွှေ့ စဉ်​ကသူတို့မ​တော်​တဆ သူမရဲ့စာအုပ်​​တွေကိုရှုပ်​ပွ​အောင်​လုပ်​သွားကြသည်​။

နေ့လယ်​စားချိန်​အတွင်း သူမစာအုပ်​​တွေကိုပြန်​စီ​နေရသည်​။ရုတ်​တရက်​ သူမစာအုပ်​ပုံထဲက သန့်​ရှင်းသပ်​ရပ်​၍လက်​​တွေ့နဲ့ကင်းကွာ​နေပုံ​ပေါ်တဲ့ နက်​ပြာ​ရောင်​မှတ်​စုစာအုပ်​နှစ်​အုပ်​ကို သူမ​တွေ့လိုက်​ရသည်​။ဒါကသူမရဲ့​အ​ရောင်​စုံစာအုပ်​​တွေနဲ့အလွန်​ကွာခြား​နေသည်​။

စာအုပ်​ကိုဖွင့်​ကြည့်​လိုက်​​တော့ အတွင်းကစာလုံး​တွေက​သေသပ်​ပြီး​မေးခွန်း​တွေကို​ဖြေထားတဲ့အဆင့်​​တွေက အ​ဖြေကိုယ်​တိုင်​ထက်​​တောင်​ပိုရှင်းလင်း​နေတာကို သူမ​တွေ့လိုက်​သည်​။

ဒါကသူမရဲ့လက်​​ရေးမဟုတ်​ဘူး။

မင်​ရှီ ဒါကရှန်​လီ​ယောင်​ရဲ့စာအုပ်​ဖြစ်​သည်​ကို သတိမထားမိခင်​တခဏ​လောက်​မစဉ်းစားနိုင်​ဖြစ်​သွားသည်​။

သူ့ကိုသ​ဘောကျခဲ့ဖူးတဲ့အချိန်​က သူ့အတန်းထဲမှာရှန်​လီ​ယောင်​ကို​တွေ့နိုင်​ဖို့ သူ့ရဲ့မှတ်​စုစာအုပ်​​တွေကို ဌားလိုက်​ပြန်​​ပေးလိုက်​လုပ်​ပြီး အ​ကြောင်းပြချက်​အ​နေနဲ့သုံးခဲ့တယ်​။ဒီစာအုပ်​ကအရင်​ပတ်​က သူ့ ဆီကဌားထားတဲ့မှတ်​စုဖြစ်​မယ်​။ဒါကသူမနဲ့ရှိ​နေတုန်းပဲ။

ဒီဘဝမှာမင်​ရှီ ရှန်​လီ​ယောင်​နဲ့ဘာမှမပတ်​သက်​ချင်​​တော့​ပေ။ထို့​ကြောင့်​သူမစာအုပ်​ကို သူမကိုယ်​တိုင်​သွားပြန်​မ​ပေးချင်​​ပေ။

သူမ ဟယ့်​ယန်​ကိုမက်​​ဆေ့ပို့လိုက်​ပြီးအကူအညီ​တောင်းလိုက်​သည်။

ထို့​နောက်​မင်​ရှီ စာ​ရေးခုံဆီမှီလိုက်​ပြီး ကပ်​ခွာစာရွက်​​ပေါ်တွင်​​ ​ကောင်း​ကောင်းမွန်​မွန်​​ရေးလိုက်​သည်​:"အာ့​ရှောင်​ရှနဲ့ပတ်​သက်​တဲ့ကိစ္စ အတွက်​​ကျေးဇူးတင်​ပါတယ်​။"

သူမဒါကိုမှတ်​စုစာအုပ်​ထဲ ကပ်​ဖို့ပြင်​ဆင်​လိုက်​သည်​။သို့​သော်​သူမရပ်​တန့်​သွားသည်​။သူမတခဏ​လောက်​ စဉ်းစားလိုက်​ပြီးဒါကမလိုအပ်​ဘူးဆိုတာ​တွေးမိသွားသည်။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now