Part 28(2)

1.7K 238 31
                                    

Zawgyi

ဤညတွင်​ မဒမ်​​ကျောက်​၏​မွေး​နေ့ပွဲ လုံးဝပျက်​စီးသွားခဲ့သည်​။ကျောက်​မိသားစုရှိလူတိုင်းလိုလို စိတ်​အ​ခြေအ​နေဆိုးရွား​နေကြသည်​။

ကျောက်​မိုက​ ​ဆေးရုံသို့ပို့ခံလိုက်​ရသည်​။

ကျောက်​မို ၊ ​ကျောက်​ကျန့်​ဟွိုက်​၏အတွင်း​ရေးမှူးနှင့်​ သူ(ZM)၏မန်​​နေဂျာတို့အ​ပြေးအလွှား​လိုက်​လာကြသည်​။

ကျောက်​မိုကို ဒီလိုထိခိုက်​​အောင်​ရိုက်​နှက်​ခဲ့သူသည်​ သခင်​​လေးဖူဖြစ်​​ကြောင်း သူ၏မိဘ​တွေသိပြီး​နောက်​တွင်​ သူတို့မျက်​နှာ​တွေ ချက်​ချင်း အရုပ်​ဆိုးသွားကြသည်​။တစ်​ဖက်​လူက ဖူမိသားစုဖြစ်​​နေရင်​ တရားရုံးမှာ သူတို့အနိုင်​ရဖို့ မဖြစ်​နိုင်​​ပေ။ထို့​ကြောင့်​ သူတို့ သိုသိုသိပ်​သိပ်​ ​ကျေး​အေးရုံသာတတ်​နိုင်​သည်​။

ထို့အပြင်​ သူတို့နှစ်​ဦး ပို၍တုန်​လှုပ်​စရာ​ကောင်းသည့်​ကိစ္စကို သိရှိခဲ့ရသည်​။

=========

ရဲစခန်း၏ဝန်းအပြင်​ဘက်​တွင်

အ​မေကျာက်​သည်​ သူမကိုယ်​သူ ​လေကာအင်္ကျီဖြင့်​ ​ထွေးပတ်​ထားသည်​။သူမတစ်​ကိုယ်​လုံး ယိမ်းယိုင်​​နေခဲ့သည်​။သူမ​ခေါင်းကိုမလှည့်​နိုင်​သလို ​ကျောက်ကျန့်​ဟွိုက်​​ပြောလိုက်​တာကိုလည်း နားမလည်​နိုင်​​တော့​ပေ။
"မင်​ရှီက ငါတို့မိသားစုနဲ့ အဆက်​အသွယ်​အားလုံးဖြတ်​ချင်​​နေတယ်​ဆိုတာ ဘာ​ပြောတာလဲ ?! ငါတို့ကို​သေချာ​ရှင်းပြစမ်းပါ။ဘာ​တွေဖြစ်​​နေတာလဲ ?! မင်း သူမ​ကျောင်းကို​တောင်​ခဏ ခဏသွားလည်​​သေးတာပဲ ! မင်း အခုဘာ​တွေ​ပြော​နေတာလဲ ?!"

ကျောက်​​ကျန့်​ဟွိုက်​က အလွန်​ပင်​ပန်း​နေပုံ​ရသည်​။သူ့နဖူးကို နှိပ်​နယ်​လိုက်​ပြီး "တကယ်​​တော့ သူမအိမ်​ကထွက်​သွားတည်းက သူမအိမ်​ပြန်​လာ​အောင်​ ကျွန်​​တော်​မ​ချော့​မော့နိုင်​ခဲ့ဘူး။အ​မေတို့သိသွားရင်​ ဒီလိုတုံ့ပြန်​မယ်​ဆိုတာသိလို့ ကျွန်​​တော်​ဖုံးကွယ်​ထားခဲ့တာ။ဒါ​ပေမဲ့ ဒါကို ကျွန်​​တော်​ ထပ်​ဖုံးထားလို့မရ​တော့တဲ့ပုံပဲ။"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now