Part 21(1)

1.3K 220 3
                                    

[Zawgyi]

မင်​ရှီ သူမလက်​နှစ်​ဖက်​ကို အိတ်​ကပ်​ထဲထည့်​လိုက်ရင်း စာသင်ခန်းထဲဝင်သွား​​​​​တယ်​။ရုတ်​တရက်​ တစ်​စုံတစ်​​ယောက်​က သူမကိုလှမ်း​ခေါ်လာတယ်​။

"မင်​ရှီ"

ကျောက်​ယွမ်​ရဲ့မျက်​လုံး​တွေက စိုးရိမ်​စိတ်​နဲ့နီရဲ​နေပြီး သူမလက်​​မောင်းထဲ အသစ်​စက်​စက်​မိတ္ထူကူးလာတဲ့စာရွက်​​တွေကို ကိုင်​ထားရင်း ​လျှောက်​လာတယ်​။

မင်​ရှီလှည့်​ကြည့်​လိုက်​​ပြီး သူမဆိုတာမြင်​​တော့ မင်​ရှီ နှုတ်​​ဆက်​မ​နေ​တော့ဘဲ ပြန်​လှည့်​ပြီး အတန်းထဲတ​စ်​​ဖြောင့်​တည်းဝင်​သွားတယ်​။

သူမခက်​ခက်​ခဲခဲစု​ဆောင်းထားရတဲ့ ကံ​ကောင်းမှု​လေး​တွေကို အဓိက​ဇာတ်​​ကောင်​ဖြစ်​​တဲ့ ​ကျောက်​ယွမ်​ရဲ့အကာအကွယ်​​ရောင်​ဝါ​ကြောင့်​ ​ပျောက်​မသွား​စေချင်​ဘူး !

"ခဏ ငါနင်​နဲ့စကား​ပြောချင်​တယ်​။"​ကျောက်​ယွမ်​က အမြန်​​ပြေးလာပြီး သူမ​ရှေ့မှာ ပိတ်​ရပ်​လိုက်​တယ်​။

မင်​ရှီ သူမရဲ့ပန်းအိုး​လေးကို တစ်​ချက်​ကြည့်​လိုက်​​တယ်​။ကျောက်​ယွမ်​ သူမနားနီးလာ​တော့ သူမရဲ့ပန်းအိုးထဲက အဖူး​သေး​သေး​လေး​တွေက တုန်​ခါလာပြီး ယိမ်းထိုး​နေခဲ့တယ်​။တချို့ဆို ကြီးထွားမှုလုံးဝရပ်​တန့်​သွားတယ်​။

ဒီ​တော့ မင်​ရှီဘယ်​လိုလို့ စိတ်​အ​ခြေအ​နေ​ကောင်း​နေနိုင်​မှာလဲ? သူမချက်​ချင်းမျက်​​မှောင်​ကြုတ်​သွားတယ်​"ငါ့မှာ နင့်​ကိုဘာမှ​ပြောစရာမရှိဘူး။"

စင်္ကြံမှာရှိတဲ့လူတစ်​ချို့ကလှမ်းကြည့်​လာကြတယ်​။

ကျောက်​ယွမ်​က မင်​ရှီကို​ကြောက်​​နေသလို သူမနှုတ်​ခမ်းကိုကိုက်​လိုက်​တယ်​။သူမသတ္တိ​တွေစုစည်းပြီး ​ပြောလိုက်​တယ်​"အာ့​ရှောင်​ရှကိုယ်​စား ငါ​တောင်းပန်​ချင်​ရုံ​လေးပါ...."

ကြင်​နာတတ်​တဲ့နှလုံးသားနဲ့ အလှ​လေးတစ်​​ယောက်​။

ထိုစကားက စင်္ကြံမှာရှိတဲ့​ကောင်​​လေး​တွေရဲ့ အ​​တွေးထဲ​ပေါ်လာတယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now