Part 19

1.2K 212 9
                                    

[Zawgyi]

ဒီလိုနံနက်ေ​စာ​စောမှာ ထိုကဲ့သို့ကိစ္စကြီးဖြစ်​ပွားခဲ့​တော့ အတန်းနှစ်​တန်းလုံး အလံတင်​အခမ်းနားတက်​စရာမလို​တော့​ဘူး။

ဌာနမှူးက အရမ်း​ဒေါသထွက်​​နေပြီး သူ​စကား​ပြောလိုက်​တဲ့​နေရာတိုင်း တံ​တွေး​တွေနဲ့ပတ်​ဖြန်းခံလိုက်​ရတယ်​။

ထင်​ထားတဲ့အတိုင်းပါပဲ ဖူယန်​ရှီ၊သူ့​နောက်​လိုက်​​တွေနဲ့ ဆယ့်​နှစ်​ရာသီအတန်းက​ကျောင်းသားတစ်​ဒါဇင်​​လည်း အဖမ်းခံရပြီး ရုံးခန်း​ခေါ်သွားခံလိုက်​ရတယ်​။

ရုံးခန်းက စာသင်​​ဆောင်​ရဲ့ညာဘက်​အစွန်​ဆုံးမှာရှိ​ပေမယ့်​ အ​ဝေးက​နေပင်​ ဌာနမှူးရဲ့အသံကိုကြား​နေရ​ဆဲပဲ "မင်းတို့က နိုင်​ငံတကာအတန်းနဲ့ ဆယ့်​နှစ်​ရာသီအတန်းက ​ကျောင်းသား​တွေ ဒါ​ပေမယ့်​ မသိတဲ့သူ​တွေက မင်းတို့ကို ဆိုးသွမ်းလူငယ်​​တွေစု​နေတဲ့အတန်းကလို့ ထင်​​လောက်​တယ်​! မင်းတို့ကအထက်​တန်း​ကျောင်းသား​တွေ​ပေမယ့်​ ​နောက်​ထပ်​  မသိတဲ့သူ​တွေက မင်းတို့ကဒီကိုအ​ပျော်​သက်​သက်​လာတဲ့ လူငယ်​အဖွဲ့ကလူ​တွေလို့ ထင်​​လောက်​တယ်​!"

"မင်းတို့အားလုံးဘာလို့ ဖူယန်​ရှီဆီကသင်​​ယူ​နေကြတာလဲ?သူက ချက်​စ်​ကစားဖို့ သူ့မိသားစုပိုက်​ဆံနဲ့ ​လေယာဉ်​ပျံ​တွေဝယ်​လို့ရတယ်​။ဒါ​ပေမယ့်​ မင်းတို့သာစာမ​လေ့လာဘူးဆိုရင်​ မင်းတို့အိမ်​ပြန်​ပြီး ကြက်​​မွေးရုံပဲတက်​နိုင်​မယ်​! သူအတန်းထဲမှာ အိပ်​​နေရင်​ ဆရာ​တွေသူ့ကိုမ​နှောင့်​ယှက်​ရဲဘူး ဒါ​ပေမယ့်​ မင်းတို့ဆရာ​တွေသာ မင်းတို့ကိုဂရုမစိုက်​ရင်​ မင်းတို့အရွယ်​​ရောက်​​လာတဲ့အခါကျ အုတ်​ခဲပဲသယ်​ရလိမ့်​မယ်​!"

ဌာနမှူးက သူ့ရဲ့လှုံ့ ​ဆော်​​တဲ့စကားထဲ ဖုံးကွယ်​​ထားတဲ့အဓိပ္ပါယ်​နဲ့​ပြောတဲ့နည်းလမ်း​တွေကို အလွန်​အကျွမ်းတဝင်​ရှိ​လေတယ်​။မတိုင်​ခင်​ကဆို ဖူယန်​ရှီက​သူ​ပြောတာ​တွေကို ဂရုမစိုက်​ဘဲ တစ်​ဖက်​နားကဝင်​ ​နောက်​တစ်​ဖက်​ကထွက်​သွားလိုက်​တယ်​။သို့​သော်​ ဒီ​နေ့စကားလုံး​တွေက အထူးဆိုးရွားလွန်းတယ်​လို့ သူခံစား​နေရတယ်​။သူဒီ​လောက်​အကျယ်​ကြီး​အော်​​နေတာ သူ​ပြောတာ​တွေအတန်းထဲ​ရောက်​ပြီး မျက်​နှာဖုံး​လေးကြားသွားရင်​ဘယ်​လိုလုပ်​မလဲ?

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now