Part 14

1.5K 261 6
                                    

[Zawgyi]

မင်​ရှီ ပြန်​မလာ​ခဲ့​ပေမယ့်​ သူတို့ မတက်​နိုင်​ဘဲညစာစားချိန်​မှာ သူမအ​ကြောင်းကိုအဓိက​​ခေါင်းစဉ်​အ​နေနဲ့​ပြောကြတယ်​။

မဒမ်​​ကျောက်​က လွန်​ခဲ့တဲ့တစ်​ပတ်ခွဲ​လောက်​တည်းကလွတ်​​နေတဲ့မင်​ရှီရဲ့ခုံ​နေရာကို တစ်​ချက်​ကြည့်​လိုက်​ပြီး စားပွဲ​ပေါ်က သူမပန်းကန်​နဲ့တူ​တွေကိုရိုက်​ချလိုက်​တယ်​၊သူမက ​ကျောက်​ကျန့်ဟွိုက်​​ကို မျက်​​မှောင်​ကြုတ်​လျက်​ကြည့်​လာခဲ့တယ်​။"မင်းဒီ​နေ့သူမ​ကျောင်းကိုမသွားခဲ့ဘူးလား?"

ကျောက်​ယွီနင်​ဝင်​မ​ပြောရဲတာ​ကြောင့်​ သူ့မျက်​လုံး​တွေက ဂရုတစိုက်​နဲ့သူ့အစ်​ကိုကြီးကိုလှမ်းကြည့်​​နေခဲ့တယ်​။

ကျောက်​ကျန့်ဟွိုက်​​ ​ခေါင်းကိုက်​​တော့မလို ခံစား​နေရတယ်​။သူ့အ​မေကို မင်​ရှီကခုချိန်​မှာသူတို့နဲ့ အဆက်​အသွယ်​အားလုံးဖြတ်​​တောက်​ချင်​​နေတဲ့အ​ကြောင်း သူသွား​ပြောလို့မဖြစ်​​ဘူး။မဟုတ်​လို့က​တော့ သူ့အိမ်​ချက်​ချင်း အ​ပေါ်​အောက်​​ပြောင်းပြန်​လှန်​သွားလိမ့်​မယ်​။

သူရပ်​တန့်​သွားပြီး ဘာမှမဖြစ်​ခဲ့သလို သူဟင်းပွဲကို​ကောက်​ထည့်​လိုက်​ပြီး ​ပြောလိုက်​တယ်​"ကျွန်​​တော်​သွားခဲ့တယ်​။"

ကျောက်​ကျန့်ဟွိုက်​​က"မင်​ရှီက သူမခုတ​လော ​ကျောင်းတစ်​ရာပြိုင်​ပွဲအတွက်​ပြင်​ဆင်​​နေတယ်​​ပြောတယ်​။အိမ်​နဲ့​ကျောင်းနဲ့ကြားက ခရီးလမ်းက အချိန်​အ​တော်​​လေးကုန်​​စေလို့ သူမ​ကျောင်းမှာပဲဆက်​​နေဖို့ဆုံးဖြတ်​ထားတယ်​​ပြောတယ်​။သူမအ​မေ့ရဲ့​မွေး​နေ့ပါတီကျရင်​ ပြန်​လာလိမ့်​မယ်​"လို့​ပြောလိုက်​တယ်​။

"သူမလည်း​ကျောင်းတစ်​ရာပြိုင်​ပွဲကို ဝင်​ပါချင်​တာလား?"မဒမ်​​ကျောက်​​အံ့သြသွားပြီး ​မေးလိုက်​တယ်​။ကျောက်​ယွမ်​လည်းအံ့အားသင့်​သွားခဲ့တယ်​။ခုတ​လော မင်​ရှီဘာ​တွေဖြစ်​​နေလဲ သူမ,မသိဘူး။သူမရှန်​လီ​ယောင်​​နောက်​လိုက်​တာ ရပ်​လိုက်​တဲ့အပြင်​ သူမရဲ့ အာရုံ​တွေကိုလည်း စာ​လေ့လာဖို့ပဲ အာရုံစိုက်​ထားတယ်​။အဲ့ဒါအပြင်​သူမ ​ကျောင်းပန်း​လေးပြိုင်​ပွဲနဲ့ ​ကျောင်းတစ်​ရာပြိုင်​ပွဲ နှစ်ခုလုံးမှာ​လည်း ဝင်​ပါ​နေတယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now