Part 23(1)

1.2K 201 6
                                    

[Zawgyi]

ကျောက်​ကျန့်​ဟွိုက်​ အိမ်​ပြန်​​ရောက်​တာနဲ့ ပထမဆုံးလုပ်​တဲ့အရာက သူ့အ​မေကို စာဖတ်​ခန်းထဲ​ခေါ်ပြီး အ​ခြေအ​နေကိုအတိုချုံးရှင်းပြခဲ့တာပဲ။

သူ့ရဲ့အ​မေက သံသယဖြစ်​​နေခဲ့တယ်​။
"အန်​တီကျန့်​က အ​မေတို့အိမ်​မှာ အလုပ်​လုပ်​လာတာ နှစ်​​တွေကြာလှပြီ။သူမကအမြဲတမ်းကျိုးနွံ့တဲ့သူတစ်​​ယောက်​ပဲ။မင်​ရှီက အ​မေတို့အိမ်​ကို​ရောက်​တာ နှစ်​နှစ်​​လောက်​ပဲရှိ​သေးတယ်​ ဘာလို့များ သူမကဆန့်​ကျင်​ချင်​ရမှာလဲ ? မင်းရဲ့အတွင်း​ရေးမှူးအထင်​မှား​နေတာများလား ?"

ကျောက်​ကျန့်​ဟွိုက်​က မင်​ရှီဓာတ်​ပုံကိုလွှင့်​ပစ်​တဲ့အချိန်​က ဘယ်​​လောက်​​တောင်​ခိုင်​မာပြတ်​သား​နေလဲဆိုတာ ​ပြန်​​တွေးမိပြီး ရုတ်​တရက်​​သတ္တိ​တွေ​ပေါ်ထွက်​​လာကာ သူ့အ​မေကို​ပြောလိုက်​တယ်
"ဒါဆို အ​သေးစိတ်​စစ်​​ဆေးဖို့ လူတိုင်းကို​ခေါ်လိုက်​တာ​ပေါ့။"

ကျောက်မိသားစုဗီလာမှာ အလုပ်​လုပ်​​နေတဲ့ထဲ နန်​နီကျန့်​အပြင်​ အချိန်​ပိုင်းအိမ်​​စေ ၊ စားဖိုမှူးတစ်​​ယောက်​၊ ဒရိုင်​ဘာတစ်​​ယောက်​နဲ့ ဥယျာဉ်​မှူးတို့လည်းရှိကြ​သေးတယ်​။

ကျန့်​ယွီဖန်​က ​ကျောက်​ကျန့်​ဟွိုက်​ အိမ်​ပြန်​​ရောက်​တာနဲ့ အရင်ဆုံးမ​ဒမ်​​ကျောက်​ကိုစာဖတ်​ခန်းထဲ ​ခေါ်မယ်​လို့ မထင်​ထားခဲ့ဘူး။ထို့​နောက် သူက သူမကလွဲပြီး အားလုံးကို စာဖတ်​ခန်းထဲ​ခေါ်လိုက်​တယ်​။

ထိုလူ​တွေထွက်​လာပြီး​နောက်​ပိုင်း သူတို့အားလုံး သူမကိုလှမ်းကြည့်​လာကြတယ်​ဆိုတာပဲ သူမသိတယ်​။

"ဘာဖြစ်လို့လဲ?" အ​ကြောင်းရင်းတချို့​ကြောင့်​ ကျန့်​ယွီဖန်​ ဆိုးရွားတဲ့ကြိုတင်​အသိ​ပေးချက်​တစ်​ခုကို
ခံစားလိုက်​ရတယ်​။

လူတိုင်းက သူမကို​ရှောင်​တိမ်း​နေခဲ့ကြတယ်​။

သူမနဲ့တစ်​ခါမှ ဆက်​ဆံ​ရေးမ​ကောင်းခဲ့တဲ့ အမျိုးသမီးအိမ်​​စေက သူမကို ထူးဆန်းပြီး​တောက်​ပတဲ့အကြည့်​နဲ့ ကြည့်​​နေခဲ့တယ်​။သူမက"နင့်​အတွက်​နင်​ လုံ​လောက်​တဲ့​ကောင်းချီး​တွေ ရှာ​တွေ့ထားဖို့ ငါ​မျှော်​လင့်​ပါတယ်​"လို့​ပြောလာတယ်​။

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now