Part 1(2)

1.6K 245 2
                                    

[Zawgyi]

ခေါင်းစဉ်​တစ်​ခုအ​နေဖြင့်​ ​ပြောရမည်​ဆိုလျှင်​ သူသည်​ ​ကျောင်းလူဆိုးများ၏ ဆရာကြီးဖြစ်​​လေသည်​။ သို့​သော်​လည်း ဖူမိသားစု၏ဆက်​ခံသူဆိုသည့်​ သူ၏ဂုဏ်​ပုဒ်​​ကြောင့်​ လူ​တိုင်းက သူနဲ့နီးကပ်​ချင်​​နေကြဆဲဖြစ်​သည်​။

သူ့ကိုစကားတစ်​ခွန်း​ပြောဖို့​တောင်​ခက်​ လိမ့်​မယ်​။

မင်ရှီရှုံးနိမ့်​မှုကို ​ရှောင်​ရှားရန်​ ​​နောက်​ဆုတ်​လိုက်​ပြီး စာရင်း၏​အောက်​ကိုဆက်​ကြည့်​လိုက်​တယ်​။ ဖူကျစ်ယီ​က လက်​ရှိတွင်​နိုင်​ငံရပ်​ခြားမှာ ​ကျောင်းတက်​​နေပြီး သူပြန်​လာမဲ့ သတင်းလုံးဝမကြားရ​ဘူး။

ဒီကျန်းချင်ချိုး​​က​တော့__သတင်းကြားရသ​လောက်​ သူကလူ​ကောင်းတစ်​​ယောက်​လိုပါပဲ၊ ပြီးခဲ့သည့်​စာသင်​နှစ်​က စင်​မြင့်​​ပေါ်မှာ သူသိမ်​​မွေ့စွာမိန့်​ခွန်း​ပြော​နေသည်​ကို သူမမြင်​ဖူးသည်​။ သူသည်​ အ​ကောင်းဆုံးသူငယ်​ချင်းတစ်​​ယောက်​ ဖြစ်​လာနိုင်​​လောက်​သည်​။

ဒါ​ပေမဲ့လည်းဘာလို့ ဒီနှစ်​​ယောက်​ရဲ့ကံ​ကောင်းမှု ပြန်​လာနှုန်းက2%ပဲရှိရတာလဲ?!! ဒါကမိုးနဲ့​မြေလို ကြီးမားတဲ့ ကွာဟချက်​ပဲ။ ထားလိုက်​ပါ​တော့၊ ခြင်​ရဲ့​ခြေ​ထောက်​​တွေဘယ်​​လောက်​ပဲ ​သေးငယ်​​နေပါ​စေအုန်း ဒါကအသားဖြစ်​​နေတုန်းပါပဲ​လေ။

မင်ရှီပစ်​မှတ်​ကို မ​ရွေးချယ်​​သေးရန်​ ဆုံးဖြတ်​လိုက်​တယ်​။ ကံကြမ္မာအရ ကျချင်​တဲ့သူကျပါ​စေ​​တော့။

"တိုက်​ဆိုင်​စွာပဲ၊ ပြီးခဲ့တဲ့အပတ်​က မင်းရဲ့အဆင့်​ကတစ်​နှစ်​လုံးရဲ့ ထိပ်​ဆုံးသုံး​နေရာမှာ မဟုတ်​လား။? မင်း​ကျောင်းရဲ့ စည်းမျည်း​တွေအရဆို ထိပ်​ဆုံးငါး​ယောက်​က သူတို့ဆန္ဒအတိုင်း အတန်း​ပြောင်းနိုင်​တယ်​မလား။?"

မင်ရှီးချက်​ချင်းနားလည်​သွားတယ်​ "နင်​ကငါ့ကို အထက်​တန်းစား ​နောက်​ခံနဲ့မျိုးရိုးမြင့်​က​လေး​တွေပြည့်​​နေတဲ့ နိုင်​ငံတကာအတန်း​​ကို ​ပြောင်း​စေချင်​တာလား။?"

I Just Want To Freeload on Your Luck(MM translation)Where stories live. Discover now