စာစဉ်(၁၉) အပိုင်း(၄)

205 14 0
                                    

အပိုင်း(၂၅၄)ကျွန်မပြောတာကိုသဘောမတူဘူးလို့ ရှင်အကြံမပြုသင့်ဘူး

"ဟမ့် ဒါက ရှင်ကျွန်ကို ပထမဆုံးအကြိမ် ကျေးဇူးတင်တာပဲ။ သခင်လေးကျန်းက ဒီလောက်လွယ်လွယ် စိတ်ကျေနပ်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး" ဇီယန်က ရှားရှားပါးပါး ကျီစယ်စနောက်သည့်လေသံဖြင့် ပြောသည်။

"ဟားဟား...ကိုယ့်ကို သခင်လေးကျန်းလို့ မခေါ်ပါနဲ့။ အဲဒီအချိန်တုန်းက ကိုယ်က ငယ်သေးတော့ ဘာမှမသိတတ်ဘူးလေ" ကျန်းဟန်က ရယ်မောကာ ဇီယန်အနားသို့ တိုးကပ်၍ တိုးတိုးလေး ပြောသည်။

"တစ်ယောက်ယောက်က ကိုယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလာပေးရင် ကိုယ်မျက်တောင်တစ်ချက်မခတ်ဘဲနေနိုင်ပေမယ့် မင်းပေးတဲ့လက်ဆောင်တွေကိုတော့ ကိုယ် သဘောကျတယ်။ ဘာပစ္စည်းကိုလက်ဆောင်ပေးတယ်ဆိုတာထက် အဲဒါကို ဘယ်သူကပေးတယ်ဆိုတာက ပိုအရေးကြီးတယ်"

သူ၏စကားကို ကြားသည့်အခါ ဇီယန်၏မျက်နှာမှာ ရုတ်တရက် နီရဲသွား၏။ မီတာအနည်းငယ်အကွာတွင် ရပ်နေသော အရောင်းဝန်ထမ်းမလေး၏အပြုံးကို မျက်လုံးထောင့်မှ မြင်လိုက်ရသည့်အခါ ရှက်ရွံ့သွားသည်။ သူမ ကျန်းဟန်၏အင်္ကျီလက်အား ဆွဲကာ လျှောက်ထွက်လာရင်း ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ။ အပေါ်ထက်သွားရအောင်။ ခဏနေရင် ရှော့ပင်းမောလ်က ပိတ်တော့မယ်"

"သွားကြတာပေါ့" ကျန်းဟန် ပြုံးလိုက်သည်။ သူ၏လက်က လှုပ်ရှားသွားလေပြီး ဇီယန်၏နူးညံ့သည့်လက်ကလေးအား သူ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်လေသည်။

"ရှင်..."

ဇီယန် သူမလက်အား ပြန်ဆွဲယူရန် ကြိုးစားသော်လည်း မအောင်မြင်သည့်အတွက် သူ့အား ကိုင်ခွင့်ပြုထားလိုက်ရသည်။

ဇီယန်သည် စကားသိပ်မပြောတေ့ဘဲ တိတ်ဆိတ်သွား၏။ သူတို့သည် အလွန်မိန်းမဆန်သည့် ဇနီးသည်နှင့် လိုက်ဖက်လှည့် ခင်ပွန်းတို့ကဲ့သို့ပင်။

၁၀ နာရီ ခွဲခန့်တွင် ကုန်တိုက်မှာ ပိတ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်၍ သူတို့ ပြန်ထွက်လာကြသည်။ သို့သော် ကုန်တိုက်၏ရှေ့ရင်ပြင်တွင် လမ်းလျှောက်နေသူအများအပြား ရှိသေးလေ၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now