စာစဉ်(၁၈) အပိုင်း(၁၀)

204 13 0
                                    

အပိုင်း(၂၄၆)လာတော့မည့်မွေးနေ့

"အိုး..."

ဇီယန်သည် ကျန်းဟန်၏လည်ပင်းအား အလိုအလျောက် သိုင်းဖက်ထားလိုက်၏။ ထိုလှုပ်ရှားမှုက အနည်းငယ်ဒွိဟဖြစ်သွားစေသည်ကို သဘောပေါက်သွားပြီး ရုတ်တရက် မျက်နှာနီမြန်းလာကာ ကျန်းဟန်၏ရင်ဘတ်ထဲတွင် မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။

"ဟားဟား..."

ကျန်းဟန်က ရယ်မောလိုက်ပြီး ဇီယန်အား ပွေ့ဖက်ထားကာ အနီးရှိ ထိုင်ခုံဆီသို့ လျှောသွားလိုက်သည်။

ထိုအချိန်တွင် ဇီယန်၏ ဆံနွယ်ရှည်များမှာ ရေတံခွန်ကဲ့သို့ ပြိုကျပြေလျော့လာပြီး လေပြေလေညှင်းလေးကြောင့် သူမ၏ ပုခုံးထက်တွင် လွင့်နေလေသည်။

စွဲမက်ဖွယ်ကောင်းသည့် ဤမြင်ကွင်းက လူများစွာ၏အာရုံကို တဖြည်းဖြည်း စွဲဆောင်လာခဲ့သည်။

ဇီယန်၏အသွင်အပြင်နှင့် မရေရာသည့်မျက်နှာကို ကြည့်ခြင်းဖြင့် သူမသည် အလွန်လှပကြောင်း ပြောနိုင်သည်။ အချို့သူများမှာ ထိုယောက်ျားတွင် ထိုသို့လှပသည့်ကောင်မလေးရှိသည့်အတွက် အားကျမနာလို ဖြစ်နေကြသည်။

အချို့လူများမှာ နွေးထွေးမှုကို ခံစားနေရ၏။ မိမိ၏ကောင်မလေးနှင့်အတူ လက်မောင်းထက်တွင် ပွေ့ဖက်ကာ စကိတ်စီးရသည်က မည်မျှ ချိုမြိန်လိုက်မည်ကို စိတ်ကူးကြည့်လို့ပင် မရနိုင်ချေ။

စုံတွဲတစ်တွဲ ဤကဲ့သို့ ပျော်ရွှင်မှုမျိုးကို တွေ့ကြုံခံစားနိုင်ရန် ယောက်ျားလေးဖြစ်သူသည် သူ၏ရည်းစားအား ပွေ့ချီနိုင်သည့် ခွန်အားရှိရန် လိုအပ်ပေသည်။

ဤမြင်ကွင်းမှာ ရိုမန့်တစ်ဆန်သည်ဟု လူအချို့က ယူဆကြပြီး ကြည်နူးနှစ်လိုဖွယ်ခံစားချက်ကို ပေးစွမ်းလေသည်။

ဤသို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းမှာ သူတို့နှစ်ယောက်လုံးသည် ချောမောသည့်စုံတွဲဖြစ်နေခြင်းကြောင့်ပင်။ ရုပ်ဆိုးဆိုးစုံတွဲသာဆိုလျှင် ဤသို့သော မြင်ကွင်းမှာ ရိုမန့်တစ်ဆန်နေသေးသော်လည်း ကြည့်ရသည်ကို နှစ်လိုသဘောကျမည်ဟုတ်ချေ။ လူပဲဖြစ်စေ အရာဝတ္ထုဖြစ်စေ တစ်စုံတစ်ခုအား ကြည့်၍ နှစ်လိုသဘောကျမှုခံစားရစေရန်အတွက် မြင်ကွင်းက လှပနေဖို့ လိုပေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Waar verhalen tot leven komen. Ontdek het nu