စာစဉ်(၂၀) အပိုင်း(၉)

201 16 0
                                    

အပိုင်း(၂၇၀-က)အသေးစိတ်(၁)

"အာ..."

လျိုချင်းဖုန်းမှာ အေးခဲသွားသည်။ သူသည် အမြဲ မျက်နှာမပျက် ထိန်းထားနိုင်သူဖြစ်သည်။ သို့သော် ဤကိစ္က ထိတ်လန့်ဖွယ်ကောင်းလွန်းနေသည့်အတွက် သူ၏မျက်နှာမှာ အလွန်အမင်းအံ့အားသင့်နေ၏။

"ကျောက်ဖုန်း အရင်ဆုံး မငြင်းပါနဲ့ဦး။ မင်းရဲ့သူဌေးကို အကြံတောင်းကြည့်ပါ။ ငါက သူနဲ့ မိတ်ဆွေဖွဲ့ချင်ရုံပါပဲ။ ရှယ်ရာတွေကိစ္စကတော့ နောက်မှ ပြောလို့ရပါတယ်။ ငါ့ရဲ့အဓိကရည်ရွယ်ချက်က မိတ်ဆွေဖွဲ့ဖို့ပဲ။ ကျေးဇူးပြုပြီး မစ္စတာကျန်းကို ငါ့ရဲ့အကြံပြုချက်ကို သဘောတူလား မေးကြည့်ပါဦး" လျိုချင်းဖုန်းက ခဏလောက်စဉ်းစားပြီးနောက် ပြောသည်။

ယခုလေးတင် သူ၏ကမ်းလှမ်းချက်ကြောင့် ကျောက်ဖုန်း၏မျက်လုံးများ တောက်ပလာသည်ကို သူ မြင်လိုက်ရသည့်အတွက် ကျောက်ဖုန်းမှာ သူ၏အကြံအား သဘောကျနေသည့်ပုံရသည်။ ကျောက်ဖုန်း ငြင်းပယ်ရသည့်အကြောင်းအရင်းမှာ မစ္စတာကျန်းကြောင့်ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် မစ္စတာကျန်းအား မေးရန် တောင်းဆိုခဲ့သည်။

ကျောက်ဖုန်းက ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး ဒုတိယထပ်သို့ တက်သွား၏။

"မစ္စတာကျန်းက ငါ့ရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်ရင် သူက တခြားသူတွေနဲ့ ပူပေါင်းရတာကို သဘောမကျဘူးဆိုတာ ထင်ရှားတယ်။ အဲ့လိုမဟုတ်ရင် ငါ့ရဲ့ ရှယ်ယာကို လျော့ချပစ်ရမှာပဲ" လျိုချင်းဖုန်းက သူ၏ငယ်သားနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

"အမ်..." ရှောင်လင်းမှာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ပြောသည်။ "ဥက္ကဌလျို၊ ရင်းနီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ အသေးစား လုံခြုံရေးကုမ္ပဏီတစ်ခုနဲ့ ဘားတစ်ခုအတွက် ယွမ်သန်းငါးရာ ရင်းနှီးမြှုပ်နှံပြီးတော့ ရှယ်ယာလေးဆယ့်ကိုးရာခိုင်နှုန်းပဲ ရတာက အရမ်းနည်းလွန်းတယ်"

ရှယ်ရာလေးဆယ့်ကိုးရာခိုင်နှုန်းသည် အရေးမကြီးချေ။ အရေးကြီးသည်က ဥက္ကဌလျိုသည် သူ၏ရင်းနီးမြှုပ်နှံမှုကို ပြန်၍ ရရှိမည်လားဆိုသည်ပင်။ သူမသည် စီးပွားရေးအမြင်ရှိသည့်အတွက် ဤကုမ္ပဏီလေးနှစ်ခုမှ အမြတ်အစွန်းရရန် မဖြစ်နိုင်ကြောင်း သိလေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now