အပိုင်း(၂၆၀)စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုလား
ဇီယန်သည် အိပ်ရာပေါ်လှဲချလိုက်ပြီး သူမ၏ခေါင်းထဲတွင် စိတ်ကူးယဉ်မှုများဖြင့် ပြည့်နေလေသည်။
တစ်စုံတစ်ယောက်အား ချစ်မိသွားသည့်သူ သို့မဟုတ် တစ်စုံတစ်ယေဦက်ကို ချိုမြိန်စေချင်သည့်သူများမှာ ဤကဲ့သို့ပင် ပြုမူကြမည်မှာ သေချာပါသည်။ တကယ်တမ်းတွင် သူမသည် ဤအချက်ကို သိရှိသော်လည်း သင့်လျော်သည့်အချိန်ကို စောင့်မျှော်နေခဲ့၏။
သစ်သားတုံးအရူးကောင်ကသာ သူမအား အချစ်ရေးနှင့်ပတ်သက်၍ စိတ်ရောကိုယ်ပါ ပြည့်ပြည့်ဝဝ မဆက်ဆံပါက သူ၏အချစ်ကို သူမ လက်ခံမည်မဟုတ်သေးချေ။
ဤသည်မှာ ဇီယန်၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ဇီယန်သည် စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိနေပြီဖြစ်သော်လည်း သူမသည် မည်သူ့ကိုမျှ မချစ်ခဲ့ဖူးသလို အချစ်ကိုလည်း တစ်ခါမျှ မခံစားခဲ့ဖူးချေ။ ထို့ကြောင့် အပျိုဖော်ဝင်စဆယ်ကျောသက်မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ တူညီသော မျှော်လင့်ချက်မျိုးရှိပေသည်။
ဆယ်မိနစ်ကျော်ကြာ အိပ်ရာထက်တွင် လှဲလျောင်းနေပြီးနောက် ဇီယန်မှာ ပါးပြင်အား ဖွင်ဖွင်လေးပုတ်ရင်း ဖုန်းကိုထုတ်ကာ ကျန်းဟန်၏ဝီချက်သို့ စာရိုက်လိုက်သည်။
"အရူး အိပ်ပျော်နေပြီလား"
"အင်း"
"အရူးကောင် ရှင်အိပ်ပျော်နေပြီဆိုရင် ဘယ်လိုလုပ် စကားပြန်ပြောနေမှာလဲ" ဇီယန်သည် ပြုံးနေသည့် အီမိုဂျီလေးထည့်လိုက်၏။
"ဟားဟားဟား..."
"ရှင်ဘာကို ဆိုလိုတာလဲ"
"သူအိပ်ပျော်နေပြီ"
ဝှစ်
ဇီယန်သည် အနည်းငယ်ကြောက်ရွံ့သွားသဖြင့် စောင်အောက်တွင် ပုန်းကွယ်ကာ မျက်လုံးဝိုင်းကြီးများကို ဖွင့်၍ တံခါးအား စိုက်ကြည့်လိုက်သည်။
မုန့်မုန့်၏အသက်ရှူသံမှလွဲ၍ တစ်ခန်းလုံးတိတ်ဆိတ်နေသည်။ ပြတင်းပေါက်တစ်လျှောက် ကန့်လန့်ကာများဆွဲထားသည့်အတွက် အလွန်မှောင်မိုက်နေ၏။
![](https://img.wattpad.com/cover/345570726-288-k352810.jpg)
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)
Romanceဒက်ဒီကျန်းဟန် စာစဉ် (၁၄) မှ စာစဉ်(၂၀) အထိ ကို ဒီမှာ တင်ပေးသွားပါမယ်နော်....