စာစဉ်(၁၉) အပိုင်း(၅)

216 16 0
                                    

အပိုင်း(၂၅၅)စွန်းမင်အကောင်းမြင်လာပြီ

ဇီယန်သည် ဘာမှမပြောဘဲ ရှုလောယွီအား စိုက်ကြည့်ကာ သူမ၏ရုံးခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။

"သူမက တကယ်ကိုဟာသပဲ"

ကျိုးဖေးသည် တံခါးဝတွင် သူမနှင့် ငြင်းခုန်မနေချင်ပေ။ ထိုကြောင့် သူမသည် ဇီယန်၏နောက်မှလိုက်သွားလေသည်။

"နင်" ရှုလောယွီမှာ ဒေါသထွက်လာပြီး သူတို့အားကြည့်၍ ခြေထောက်ကိုဆောင့်ကာ ရေရွတ်လိုက်သည်။ "ဒုက္ခရောက်နေတာတောင် နင်က ဘာလို့မောက်မာနေသေးတာလဲ ဟမ့်"

ရုံးခန်းသို့ သွားသည့်လမ်းတစ်လျှောက်တွင် လူတိုင်းသည် ဇီယန်အား ထူးဆန်းသည့်ပုံစံဖြင့် ကြည့်နေခဲ့ကြသည်။ ဘေးနားတွင် လူစုစု စုစုဖြင့် တီးတိုးပြောနေကြပြီး သူတို့၏အမူအရာများက သူတို့ဘာတွေးနေသည်ကို ပြသနေသည်။

"အစ်မယန်"

ရုံးခန်းထဲသို့ ဝင်ပြီးနောက် ကျိုးဖေးက ပြောသည်။ "ဒါရိုက်တာဖူနဲ့ ပတ်သက်ပြီး ကိုင်တွယ်ရတာ ခက်ကောင်း ခက်လိမ့်မယ်။ အသေးစိတ်ကို မိန်ချီကို မေးရင်ရော ဘယ်လိုလဲ"

ခဏလောက်စဉ်းစားပြီးမှ ဇီယန်က ပြောသည်။ "ငါတစ်ယောက်တည်းသွားမယ်"

"အင်း ငါဒီမှာ စောင့်နေမယ်" ကျိုးဖေးက ဆိုဖာပေါ်တွင် ထိုင်ကာ ပြောသည်။ ဇီယန် အခန်းထဲမှ ထွက်ခါနီးတွင် သူမက နှုတ်ခမ်းကို တင်းတင်းစေ့ကာ လှမ်းပြောလိုက်သည်။ "အစ်မယန် နင့်အကြောင်း မကောင်းပြောတဲ့လူတွေကို စိတ်ထဲထားမနေနဲ့။ ခဲအိုက နင့်နောက်မှာ အမြဲရှိတယ်ဆိုတာ နင်သိပါတယ်။ နင်သာ လိုချင်တယ်ဆိုရင် နင်က သူဌေးဖြစ်နိုင်တာပဲ"

ဇီယန်သည် တံခါးကိုဖွင့်ကာ ကျိုးဖေးအား မျက်စောင်းထိုးကာ အပြုံးလေးဖြင့် ရုံးခန်းထဲမှ ထွက်လာသည်။

ကျိုးဖေးပြောသည့်စကားမှာ အနည်းငယ် ကျိုးကြောင်းဆီလျော်၏။ တစ်ချိန်လုံး အားကိုးရာမဲ့နေခဲ့သည့် ဇီယန်သည် ယခင်က ပြန်လာရန် မဖြစ်နိုင်သော်လည်း ယခုတော့ သူမအား ကယ်တင်ပေးမည့် ကျန်းဟန်အား အားကိုးနိုင်နေပြီဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now