စာစဉ်(၁၅) အပိုင်း(၄)

201 15 0
                                    

အပိုင်း(၂၀၀)မင်းအတွက်ကိုယ်ရှိတယ်

ကျန်းဟန်သည် သာမန်အချိန်များတွင် မုန့်မုန့်မှလွဲ၍ ဘာကိုမှ ဂရုမစိုက်သလိုရှိနေသော်လည်း ၎င်းက သူသည် သစ်သားတုံးတစ်တုံးဖြစ်နေသည်ဟု မဆိုလိုပေ။ ဇီယန်သည် သူမ၏အေးစက်စက်အသွင်အပြင်အောက်တွင် နွေးထွေးသည့်နှလုံးသားတစ်ုခုရှိကြောင်း သူသိပေသည်။ ဇီယန်သည် သံသယဖြစ်စရာမရှိလောက်အောင် လှပပြီး သူမ၏ရင်သပ်ရှုမောဖွယ်မျက်နှာလေးကြောင့် လူတိုင်း သူမအပေါ် အမြင်ကောင်းရှိစေသည်။

ကျန်းဟန်သည် ဇီယန်အား အစပိုင်းတွင် ဂရုမစိုက်သော်လည်း ဇီယန်သည် အမှန်တကယ်လှပသည်ကို ဝန်ခံပေ၏။ ကျန်းဟန်သည် ပထမက သူ၏မင်းသမီးလေးကိုသာ ဂရုစိုက်သည်။ သို့သော် မုန့်မုန့်၏ပတ်ဝန်းကျင်တွင် နေထိုင်မှုပြုပြီးနောက် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရင်း ဇီယန်သည် သူ၏နှလုံးသားထဲသို့ မသိမသာဖြင့် တဖြည်းဖြည်းချင်း ဝင်ရောက်နေရာယူလာခဲ့ကြောင်း ရုတ်တရက် သိလိုက်ရ၏။

သူမ၏လှပသည့် ရုပ်ရည်သွင်ပြင်၊ ကိုယ်ရည်ကိုယ်သွေးနှင့် အခြားသောအချက်များကြောင့် ဖြစ်နိုင်သော်လည်း အရေးအကြီးဆုံးအကြောင်းအရင်းမှာ သူမသည် မုန့်မုန့်၏မိခင်ဖြစ်နေခြင်းပင်။

ကျန်းဟန်သည် ဇီယန်အား ချစ်မိနေကြောင်း သဘောပေါက်သွားပြီးနောက် နွဲ့ယဉ်ကျက်သရေရှိကာ ချောမောလှပသည့် မျက်နှာလေးက သူ၏စိတ်ထဲတွင် အခါအားလျော်စွာ ပေါ်လာတတ်၏။ ယခုအချိန်တွင် ဇီယန်၏ ဝမ်းနည်းနေသည့်အသံကို ကြားလိုက်ရသည့်အခါ သူ၏ပထမဆုံးအတွေးမှာ သူမအား နှစ်သိမ့်အားပေးရန်ဖြစ်၍ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

အကျိုးသက်ရောက်မှုမှာ ထင်ရှားပေသည်။ ဇီယန်၏လေသံအရ သူမသည် ကျန်းဟန်ကြောင့် အာရုံပြောင်းသွားခဲ့ပြီဖြစ်ကြောင်း သိနိုင်သည်။ ထိုအကြောင်းအရာများကို တွေးတောနေသည့်တစ်လျှောက် သူမ၏စိတ်အခြေအနေမှာ သဘာဝကျကျပင် ကောင်းမွန်လာမည်ဖြစ်သည်။

ထိုအချိန်တွင် ဇီယန်သည် အနည်းငယ် ရှက်ရွံ့သွားပြီး အသာအယာပြုံးလိုက်ကာ နှာခေါင်းရှုံ့၍ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now