အပိုင်း(၂၀၆)ကြီးမားသည့်ဖိအားအောက်တွင်
"အစ်ကိုဖုန်း မင်း ငါတို့ကို မစွန့်ပစ်ဘူးဆိုတာ ငါသိတယ်" အားဟူက နက်နက်ရှိုင်းရှိုင်ပင် ခံစားသွားရသည်။ သူက ရယ်မောကာ ကျောက်ဖုန်းအား ပွေ့ဖက်ရန် ရှေ့သို့ တိုးလာသည်။
"အစ်ကိုဖုန်း" မုံ့ကြီးကလည်း ပြုံးရွှင်ကာဖြင့် သူ၏လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်သည်။
"လာ" ကျောက်ဖုန်းက လက်ကိုမြှောက်လိုက်ကာ သူ၏ပွေ့ဖက်မှုကို ငြင်းဆန်လိုက်သည်။ "ငါတို့ အနိုင်ရတဲ့အချိန်ကျမှု ဂုဏ်ပြုကြတာပေါ့"
"ကောင်းပြီ...အဲ့ဒါ အကောင်းဆုံးပဲ" မုံ့ကြီးက အားရပါးရရယ်မောရင်း ပြောသည်။
"ငါဒီမှာ" ဂူချန်းက လျှောက်လာပြီး ကျောက်ဖုန်းအား ခေါင်းညိတ်ပြသည်။
"အင်း...သွားကြရအောင်" ကျောက်ဖုန်းက တစ်ခါတည်း လှည့်ထွက်လိုက်သည်။
ဖုန်းမင်ကလပ်မှ လူအုပ်ကြီး ထွက်လာခဲ့သည်။ ကားပေါ်တက်လိုက်ကြပြီးနောက်တွင် ဝမ်နန်တောင်သို့ ဦးတည်သွားလိုက်ကြ၏။
မနက် ၆ နာရီ ၅၀ မိနစ်တွင် သူတို့ ဝမ်နန်တောင်ခြေသို့ ရောက်ရှိသွားခဲ့ကြသည်။
ဝမ်နန်တောင်သည် လဆန်းပင်လယ်ကွေ့၏နောက်ဘက် အတန်သင့်ဝေးကွာသည့်နေရာတွင် တည်ရှိသော တောင်ဖြစ်သည်။ လဆန်းတောင်နှင့်နီးပြီး မိနစ်အနည်းငယ် အကွာအဝေးတွင် တည်ရှိသည်။ ၎င်းသည် ကုန်းတွင်းပိုင်း၌တည်ရှိသောကြောင့် ၎င်း၏ရှုခင်းအား လဆန်းတောင်က လွှမ်းမိုးထား၏။
သို့သော် ဤနေရာသို့ လူများ လာခဲသည့်အတွက် တိုက်ခိုက်ရန် နေရာကောင်းတစ်ခုဖြစ်သည်။
တောင်ခြေရင်းတွင် ကျယ်ပြန့်သည့် နေရာလပ်တစ်ခုရှိ၏။ ကားများကို လမ်းဘေးတွင်ရပ်လိုက်ပြီး ချိန်းထားသည့်နေရာသို့ လျှောက်သွားကြသည်။
"ငါ့လခွမ်းပဲ။ အဲ့စောက်ရူးကောင်တွေက တိုက်ခိုက်ဖို့ လေကြီးနေပြီးတော့ နောက်ကျနေကြတယ်" မုံ့ကြီးက ပတ်ဝန်းကျင်ရား လှည့်ပတ်ကြည့်ပြီးနောက် လောင်ပင်းနှင့်သူ့လူများ မရောက်သေးသည်ကို တွေ့လိုက်ရသည်။
![](https://img.wattpad.com/cover/345570726-288-k352810.jpg)
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)
Romanceဒက်ဒီကျန်းဟန် စာစဉ် (၁၄) မှ စာစဉ်(၂၀) အထိ ကို ဒီမှာ တင်ပေးသွားပါမယ်နော်....