စာစဉ်(၁၉) အပိုင်း(၁၁)

201 13 0
                                    

အပိုင်း(၂၆၁)အန္တရာယ်အငွေ့အသက်

ကာရေဘီယံကမ်းခြေဈေးဝယ်စင်တာတွင်။

"ဒီဝတ်စုံလေး လှတယ်။ လီလီ နင်စမ်းဝတ်ကြည့်ချင်လား" ဇီယန်က အဝါနိုရောင်ဝတ်စုံလေးကို လက်ထဲကိုင်ထားရင်း ပြောသည်။

"ဟုတ်" ကျန်းလီက ပြုံးကာ အဝတ်အစားအား ယူလိုက်ပြီး အဝတ်လဲခန်းတွင် စမ်းဝတ်ကြည့်သည်။ သူမ ပြန်ထွက်လာပြီး မှန်ထဲသို့ လှမ်းကြည့်လိုက်၏။

"ဒါက နင်နဲ့လိုက်တယ်။ ဒါယူလိုက်မယ်" ဇီယန်က အရောင်းဝန်ထမ်းဘက်သို့ လက်ပြကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ဇီယန်သည် အဝတ်အစားများအတွက် ငွေပေးချေပြီးနောက် ကျန်းလီက သူမ၏လက်မောင်းကို ဆုပ်ကိုင်ကာ ပြောသည်။ "ယောင်းမ ဘာလို့ ငါ့အတွက် အဝတ်အစားတွေ အများကြီးဝယ်နေတာလဲ"

"လီလီ အရင်က ငါ နင်နဲ့သွားဖို့ အချိန်မရှိဘူး။ ဒီနေ့ အားလပ်ရက်ဆိုတော့ ငါတို့ အတူတူဈေးဝယ်ထွက်ရမှာပေါ့" ဇီယန်က ပြုံးကာ ပြောသည်။

"ဟေး ငါတို့က မိသားစုတွေပဲလေ။ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး" ကျန်းလီက ခေါင်းယမ်းကာ ပြုံးလိုက်သည်။

"ဒုတိယထပ်သွားကြရအောင်" ဇီယန်က စက်လှေကားဆီသို့ ဦးတည်လိုက်၏။

"ယောင်းမ တော်လောက်ပြီ။ နင် ငါ့ကို ရှစ်စုံတောင် ဝယ်ပေးပြီပြီ။ ဒါက ငါ ဝတ်တာထက်တောင် ပိုနေတယ်" ကျန်းလီက လက်ကို ခါယမ်းပြကာ ပြောသည်။

အဝတ်အစား ၈ စုံသည် ယွမ် ၂ သိန်းခန့်ကျသင့်၏။ သို့သော ကျန်းလီသည် သူမ ငွေမည်မျှ အကုန်ကျခံသည်ကို ဂရုစိုက်ခြင်းမဟုတ်ဘဲ ဇီယန်၏သဘောထားကိုသာ ပို၍ စိုးရိမ်ခဲ့သည်။ ဇီယန်သည် သူမအား ယောင်းမတစ်ယောက်လို ပို၍ပို၍ဆက်ဆံလာသည်အား ကျန်းလီသိလိုက်သည့်အတွက် အမှန်တကယ်ဝမ်းသာမိသည်။

"လီလီ အစ်မယန်နောက်သာ လိုက်သွားလိုက်ပါ။ သူက သူများအတွက် ပစ္စည်းတွေဝယ်ပေးတာ တော်တော်ရှားတယ်။ ဒါကြောင့် ဒီတစ်ခါတော့ သူမနောက်သာ လိုက်သွားလိုက်ပေါ့" ကျိုးဖေးက ပြောသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now