စာစဉ်(၁၇) အပိုင်း(၈)

193 9 0
                                    

အပိုင်း(၂၃၂)အကြိမ်ကြိမ်ရွှေ့ဆိုင်းထားခြင်း

သို့သော် ဇီယန်ပြောသည့်စကားကို ကြားပြီးနောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို ကျန်းဟန် နားလည်သွားသည်။ "မင်း လင်းကျဲနဲ့ တစ်ယောက်တည်း ညစာမစားသင့်ဘူး"

"အမ်" ဇီယန် ရုတ်တရက် အာမေဋိတ်သံထွက်သွားပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ ကြိတ်၍ဝမ်းသာသွားပြီး "တစ်ယောက်ယောက်က ကျွန်မကို ခေါ်သွားမှာ စိုးရိမ်နေတာလား"

ရုတ်တရက် ဇီယန် အေးခဲသွားသည်။ သူမ၏လေသံမှာ အဘယ်ကြောင့် ရှက်ရွံ့မှုများဖြင့် ပြည့်နေရပါသနည်း။

အာ...

သူမ၏မျက်နှာမှာ ချက်ချင်း နီရဲလာပြီး နှလုံးခုန်သံများ တဖြည်းဖြည်း မြန်လာသည်။

"အင်း...ကိုယ်မင်းကို စိုးရိမ်တယ်" ခဏလောက်စဉ်းစားပြီးနောက် ကျန်းန်က ရိုးသားစွာ ပြန်ပြောသည်။

သေချာသည့်အခြေကို ရလိုက်ပြီးနောက် ဇီယန် ရင်ထဲ၌ နွေးထွေးသောခံစားချက်တစ်ခုရှိလိုက်သည်။ သူမ နူးညံ့စွာ နှာခေါင်းရှုံ့လိုက်ပြီး "ကျွန်မ သူနဲ့ အပြင်သွားမှာမဟုတ်ပါဘူး။ ဘာအကြောင်းပြချက်မှရယ်လို့ မရှိဘူး။ လင်းကျဲကို ဒီတိုင်း သဘောမကျလို့"

"ကောင်းပြီ။ အဲဒီမှာ ဂရုစိုက်ပြီးနေပါ။ တစ်ခုခုဖြစ်ရင် ကိုယ့်ကို ဖုန်းဆက်လိုက်" ကျန်းဟန် ပြန်ဖြေ၏။

"ဘာမှမဖြစ်ပါဘူး။ ကျွန် ရိုက်ကူးရေးပြီးတာနဲ့ မနက်ဖြန်ညပြန်လာခဲ့မယ်" ဇီယန် ပြုံးကာ ဆက်ပြောသည်။ "စိတ်မပူပါနဲ့။ ဖေးဖေး ရှိနေသ၍ ကျွန်မ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။ ဒါပေမယ့် မုန့်မုန့် ဝမ်းနည်းသွားမှာကို ကျွန်မ စိုးရိမ်နေတာ။ ဒီနေ့ပြန်လာမယ်လို့ ပြောထားပေမယ့် ကျွန်မ ကတိပျက်သွားခဲ့တယ်"

"ကိုယ် သူမကို ချော့လိုက်ပါ့မယ်" ကျန်းဟန် ခပ်ရေးရေးပြုံးကာ ပြောသည်။

"ဟွန့် မုန့်မုန့်ကို ချော့ရတဲ့အခါကျရင် ဘာပြောမလဲဆိုတာ ရှင်အမြဲသိတယ်" ဇီယန်က နှာခေါင်းရှုံ့လိုက်ပြီး "ရှင်ဘယ်မှာလဲ ဖုန်းထဲမှာလေတိုက်သံတွေကြားနေရတယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now