စာစဉ်(၂၀) အပိုင်း(၈)

197 13 0
                                    

အပိုင်း(၂၆၉-ခ)ဥက္ကဌလျိုလာရောက်လည်ပတ်မှု(၂)

ထိုအခိုက်တွင် ကျန်းဟန်မှာ အနည်းငယ် အံ့အားသင့်သွား၏။

သူသည် ဇီယန် ဆော့ကစားသည်အား ပထမဆုံး မြင်ဖူးခြင်းပင်။ သူမ၏အပြုအမူများက သူ့အား သူမ၏အစစ်အမှန်ကို ပို၍ပို၍ထုတ်ဖော်ပြသနေသည်။

ကျန်းဟန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် မျက်လုံးများကို မှေးကာ ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း ဇီယန်ကဲ့သို့ တစ်ပုံစံတည်းလိုက်၍ လျှောက်လှမ်းလေသည်။

အကယ်၍ နောက်ခံတီးလုံးလေးနှင့်တွဲဖက်လိုက်ပါက ပို၍ပင် စိတ်ဝင်စားဖွယ်ကောင်းသွားပေမည်။

ထိုအချိန်တွင် လမ်းပေါ်၌ လမ်းသွားလမ်းလာများစွာ ရှိနေဆဲဖြစ်ပြီး သူတို့၏အပြုအမူက လူအများ၏အာရုံကို ဆွဲဆောင်သွားသည်။

လူများစွာမှာ သူတို့အားကြည့်ရင်း စိတ်ခံစားချက်များဖြင့် အကြိမ်ကြိမ် ခေါင်းယမ်းကြသည်။

"စိတ်ဝင်စားစရာပဲ။ သူတို့က အရမ်းချစ်ဖို့ကောင်းကြတယ်"

သို့သော် ကြင်နာတတ်သည့် အမျိုးသမီးကြီးတစ်ဘောက်က လှမ်း၍ အော်ပြောလေသည်။ "လူငယ်လေး။ မင်းရဲ့မိန်းမကိုပဲ ကြည့်မနေနဲ့။ ကလေးကိုလည်း ဂရုစိုက်ဦး။ ကလေးလေးပြုတ်ကျသွားဦးမယ်။ မင်းက ကလေးကို ချီထားတာကိုလည်း သတိထား"

"အာ"

ဇီယန်သည် လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး ဘေးပတ်ပတ်လည်အား ကြည့်လိုက်ရာ လူများစွာက သူတို့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ ထိတ်လန့်သွားပြီး ကျန်းဟန်နှင့်အတူ ထွက်ပြေးလေတော့သည်။

စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက် ဒုတိယထပ်ရှိ အိပ်ခန်းတွင် မုန့်မုန့်နှင့် ဇီယန်သည် ခါတိုင်းကဲ့သို့ အိပ်ရာပေါ်တွင် လှဲနေကာ ကျန်းဟန်၏ပုံပြင်ကို နားထောင်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားကြသည်။

ညမှာ တိတ်ဆိတ်စွာပင် ကုန်ဆုံးသွားခဲ့သည်။

ဇီယန်သည် သူမ အိမ်ပြောင်းလာပြီးကတည်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ရပြီး နောက်တစ်နေ့မနက်မိုးလင်းသည်အထိ အိပ်နေတတ်သည်။ သူမ အိပ်ရာထဲတွင်နေသည်က မုန့်မုန့်ကိုလည်း လွှမ်းမိုးခံရပုံရပြီး သူမလေးလည်း အိပ်ရာထ နောက်ကျတတ်လာသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now