အပိုင်း(၂၅၇)ကျောက်ဒါဟူ၏အမြင်
ကျောက်ဖုန်းသည် မားစီးဒီးအား မောင်းကာ အပန်းဖြေဥယျာဉ်မှ ထွက်လာခဲ့၏။
ကျန်းဟုန်ပါ့က အားလုံးအား စီမံပေးနိုင်မလားဆိုသည်ကိုလည်း စာချုပ်စာတမ်းမပြုလုပ်ခဲ့ချေ။ ကျောက်ဖုန်း၏အမြင်တွင် ကျန်းဟုန်ပါ့သည် ဂူချန်း၏အထောက်အထားကို သိရှိပြီး ငွေအား အလွဲသုံးစားလုပ်ဝံ့မည်မဟုတ်ပေ။
ထို့ပြင် ကျောက်ဖုန်းသည် ၎င်းကို ငွေပိုတောင်းမည်အား စိုးရိမ်ခြင်းမရှိဘဲ ယွမ်နှစ်ဆယ့်နှစ်သန်းက သူမျှော်လင့်ထားသလောက်ဖြစ်ပေသည်။ ကျန်းဟုန်ပါ့ မည်မျှပင် အပိုငွေကြေးလိုချင်နေပါစေ သူ၏လိုအပ်ချက်များကို လိုက်နာနေသ၍ သူပေးမည်ဖြစ်သည်။
စားသောက်ဆိုင်သို့ ပြန်ရောက်ပြီးနောက် ဘာမှ လုပ်စရာမရှိသဖြင့် ကျောက်ဖုန်း ကမ်းခြေသို့ ပြန်သွားခဲ့သည်။
ချေမှုန်းရေးလေ့ကျင့်မှုမှာ ပြီးလုနီးပါးရှိပြီး ရက်အနည်းငယ်အတွင်း ပြီးသွားခဲ့သည်။ အားဟူနှင့် အခြားသူများမှာ သွက်လက်ထက်မြက်၏။ သူတို့သည် အရှိန်အဟုန်ဖြင့် အသိပညာများကို သင်ယူခဲ့ကြပြီး လေ့ကျင့်ရေးတွင် ထူးထူးခြားခြား တိုးတက်ခဲ့ကြသည်။
မုန့်မုန့်အပန်းဖြေရာ စားသောက်ဆိုင်တွင်။
ကျန်းဟန်သည် ၁၂ နာရီ ထိုးခါနီးတွင် ချက်ပြုတ်ပြင်ဆင်မှု စတင်ခဲ့၏။
စွန်းမိသားစုသည် စားသောက်ဆိုင်၏အလယ်ရှိ အဖွဲ့ဝင်စားပွဲတွင် ထိုင်နေကြသည်။
မကြာမီပင် လျန်မုန့်ချီနှင့် အခြားနှစ်ယောက် ရောက်လာခဲ့ကြသည်။
"ဟေး နင်ဘာလို့ ဒီနေ့အစောကြီးရောက်နေတာလဲ" လျန်မုန့်ချီက စိတ်ဝင်တစားမေးသည်။
သူမသည် အဖွဲ့ဝင်များ၏အလေ့အကျင့်ကို ကောင်းစွာ သိသည်။ ယေဘုယျအားဖြင့် စွန်းမိသားစုသည် ၁၂ နာရီခွဲနောက်ပိုင်းတွင် ရောက်လာလေ့ရှိ၏။
"ငါတို့ မနက်ကတည်းကရောက်နေတာ" စွန်းဒုန်ဟမ်က ပြုံး၍ ပြန်ပြောသည်။
"ဘာလို့ ဒီလောက်စောနေတာလဲ" လျန်မုန့်ချီက ပြုံးလိုက်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)
Romanceဒက်ဒီကျန်းဟန် စာစဉ် (၁၄) မှ စာစဉ်(၂၀) အထိ ကို ဒီမှာ တင်ပေးသွားပါမယ်နော်....