စာစဉ်(၁၅) အပိုင်း(၂)

194 12 0
                                    

အပိုင်း(၁၉၈)ပေါက်ကွဲရသည့်အကဲဖြတ်ဒိုင်များ

"ဒါဆိုရငါ ငါ "မမျှော်လင့်သောတွေ့ဆုံခြင်း(Unexcepted Encounter)" ကို ဆိုပါမယ်" မူရို့က ညင်သာစွာခေါင်းညိတ်ကာ ပြောသည်။

ထိုသီချင်းမှာ သူမအား နာမည်ကြီးစေခဲ့သည့်သီချင်းနှစ်ပုဒ်ထဲမှ တစ်ပုဒ်ဖြစ်သည်။ သီချင်းဆိုရာတွင် သူမထက် များစွာပို၍ ပါရမီရှိသည့် ဇီယန်ကို ရင်ဆိုင်ရန်အတွက် သူအ၏ အမှတ်သညှာသီချင်းကို သီဆိုရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။

အိုး...ဇီယန်ရယ်...နင်ဘယ်သီချင်းပဲဆိုဆို နောက်ကျရင် နင်ပဲ အရှက်ကွဲရမှာ။ အဲ့အခါကျရင် နင်ဒီလောက် ဟန်ဆောင်ကောင်းနိုင်ဦးမလား ငါကြည့်ချင်သေးတယ်...

မူရို့သည် စိတ်ထဲတွင် အေးစက်စွာ လှောင်ရယ်လိုက်သည်။ သူမသည် အကဲဖြတ်ဒိုင် ၃ ဦးအနက် တစ်ဦးနှင့် အလွန်ရင်းနီးပြီး သူ့ထံမှ အတွင်းရေးအချက်အလက်အချို့ကို ရရှိထားသည့်အတွက် ပြိုင်ပွဲနှင့်ပတ်သက်၍ အလွန်ယုံကြည်မှုရှိနေသည်။

တစ်ချိန်တည်းမှာပင် သူမသည် ဇီယန်အား သူမ၏သီဆိုမှုကို နားထောင်စေချင်ခဲ့သည်။ သူမသည် ဇီယန်၏ကျော်လွှမ်းခံရသည့် လူသစ်လေးတစ်ယောက်မဟုတ်တော့ချေ။ ယခုအချိန်တွင် ဇီယန်သည် သူမ၏ဖိနပ်ကို သယ်ပေးရန်ပင် အရည်အချင်းမမှီတော့။ ဇီယန်၏အလွန်လှပသည့်မျက်နှာလေးက လူများအား မနာလိုဖြစ်စေသည်။

မူရိုအတွက် စတိတ်စင်ကို ခဏလောက် ရပ်တန့်ထား၏။ သူမသည် မိုက်ကိုကိုင်ကာ အသံစမ်းနေသည်။ ထိုနောက်တွင် ဂီတသံစဉ်နှင့် မီးရောင်များက စတင်လှုပ်ရှားလာတော့သည်။

သူမ စတင်၍ သီချင်းဆိုလေသည်။ သူမ၏စိတ်သည် အနည်းငယ် မတည်မငြိမ်ဖြစ်နေသဖြင့် မသိစိတ်က အဖွင့်စာသားကို အနည်းငယ် မြှင့်ဆိုလိုက်မိသည်အား နောက်အပိုဒ်များဆိုသည်အထိ သတိမထားမိလိုက်ချေ။ သူမ၏နှလုံးခုန်သံများက မြန်ဆန်လာပြီး စိတ်အားထက်သန်စွာဖြင့် သီချင်းအား ဆိုလေသည်။ သို့သော် အမြင့်သံဆိုရသည့်တစ်နေရာသို့ရောက်ခါအနီးအချိန်တွင် သူမ၏အသက်ရှူမှု မလုံလောက်တော့သည်ကို ရုတ်တရက် သိလိုက်ရသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now