စာစဉ်(၂၀) အပိုင်း(၁၄)

327 17 0
                                    

အပိုင်း(၂၇၃)ပုန်းကွယ်နေသောနဂါးဆီသို့လာသည့်ကျား

"ဟားဟား...မင်းတို့အားလုံးကို ငါသေချာပေါက် အနိုင်ယူမယ်။ ဒီတစ်ခါ တိုင်ရီတျန်ကို သွေးအန်အောင်လုပ်ပစ်မယ်" နည်းပြလျိုသည် သူ အနိုင်ယူသွားသည့်မြင်ကွင်းကို စိတ်ကူးယဉ်နေပုံရ၏။ သူသည် ဒေါသများအား ဖွင့်ထုတ်လိုက်ရသည့်အတွက် စိတ်သက်သာရာရသွားကာ ဖန်ခွက်ကိုမြှောက်၍ ပြောလိုက်သည်။ "လာ အားလုံးပဲ ချီးယား"

"ချီးယား"

လူတိုင်းက သူတို့၏ဖန်ခွက်များကို မြှောက်လိုက်ကြသည်။ အရက်သောက်သူများက တစ်ငုံသောက်လိုက်ကြပြီး ဘီယာသောက်သူများက ခွက်တစ်ဝက်နီးပါး သောက်လိုက်ကြသည်။

ရှုရုံနှင့် မုံ့ကြီးသးည် အတွင်း၌ထိုင်နေပြီး အသားကင်များကို ဓားတိုဖြင့် လှီးဖြတ်ကာ လူတိုင်းအား ဝေငှပေးသည်။

ရှုရုံသည် နည်းပြလျိုနှင့် ပေါ့ပေါ့ပါးပါးစကားပြောဆိုသော်လည်း သူ၏အပြုအမူများမှာ အလွန်လေးစားမှုရှိနေဆဲဖြစ်သည်။ သူသည် သိုးခြေထောက်အား တိုက်ရိုက်ဆွဲထုတ်လိုက်ပြီး ကျောက်ဖုန်းနှင့် နည်းပြလျို၏စားပွဲပေါ် တင်ပေးလိုက်ကာ ၎င်းတို့အား ကိုယ့်ဟာကိုယ် စိတ်ကြိုက်လှီးစားရန် ပြောလိုက်သည်။

"ပုံစံလည်းကောင်းတယ်။ အနံ့လည်း မွှေးတယ်"

နည်းပြလျိုက ငြင်းဆန်မနေလဲ သူ၏ဓားဖြင့် အသားတစ်ပိုင်းကို တန်း၍ လှီးဖြတ်လိုက်သည်။ ပေါင်သားမှာ အနည်းငယ်အဆီရွှဲပုံရသော်လည်း ကိုက်လိုက်သည့်အခါတွင် အလွန်နူးညံ့ပြီး အရသာရှိသည်ကို တွေ့လိုက်ရ၏။ စူးရှသည့် သိုးသားမွှေးရနံ့က သူ၏ခံတွင်းတစ်ခုလုံးကို သိမ်းပိုက်သွားသည်။

"ဝိုး...ဒါက ဘယ်လိုသိုးမျိုးလဲ။ တကယ်ကို အရသာရှိတယ်။ အရမ်းအရသာရှိတယ်"

နည်းပြလျိုမှာ ချီးကျူး၍ မရပ်နိုင်တော့ချေ။

"အဲဒါ တောင်ပေါ်မှာ သူဌေးမွေးထားတဲ့ သိုးပါ။ တော်ရုံလူမစားနိုင်ဘူး" ကျောက်ဖုန်းက သိုးသားကို စားရင်း ပြန်ဖြေသည်။

"မစ္စတာကျန်းက တကယ်ကို တစ်ခုခုပဲ။ သူ့လိုမျိုး အဆင့်အတန်းမြင့်မားတဲ့လူမျိုးတွေက အရမ်း အမြင်ကောင်းကြတယ်" နည်းပြလျိုက သူ့ဟာသူပြောသည်။

You've reached the end of published parts.

⏰ Last updated: Jul 10, 2023 ⏰

Add this story to your Library to get notified about new parts!

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now