စာစဉ်(၁၆) အပိုင်း(၃)

195 14 0
                                    

အပိုင်း(၂၁၃)ယွမ်ဆယ်သန်းအဆင့်အဖွဲ့ဝင်

"ကျွန်မလွှဲပေးပါ့မယ်" လင်းရွှယ်က ဒေါသတကြီးပြောလိုက်ကာ ကတ်အား ဆွဲယူပြီး ထိုနံပါတ်များအတိုင်း ငွေဆယ်သန်းကို အကောင့်ထဲလွှဲပေးလိုက်သည်။

ပစ္စည်းများအရောင်းအဝယ်မှ အမြန်အစွန်းမှာ အလွန်များပြားသည့်အတွက် သူမ၏အဖေက ငွေအများအပြား ဆုချလိုက်လေသည်။

ငွေလွှဲပေးပြီးနောက်တွင် လင်းရွှယ်သည် အဖွဲ့ဝင်များ၏အခန်းတွင် ကျောက်ဖုန်းနှင့်အတူထိုင်နေခဲ့သည်။ ခဏအကြာတွင် ကျန်းဟန်၏ဖုန်းတွင် အကြောင်းကြားစာတစ်စောင့် ရောက်ရှိလာပြီး ငွေအများအပြားကို သူ၏အကောင့်ထဲသို့ လွှဲပေးလိုက်ကြောင်း ကြေငြာလိုက်လေသည်။

ပထမဆုံးသော ယွမ် ၁၀ သန်းတန် မန်ဘာကတ်အား ရောင်းချပြီးလေပြီ။

ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီးနောက်တွင် ကျန်းဟန်သည် ကောင်တာသို့သွားကာ နံပါတ် ၁၁ ပါရှိသည့် အမည်းရောင်စိန်အဖွဲ့ဝင်ကတ်ကို ထုတ်ယူကာ လင်းရွှယ်ဆီလျှောက်သွားပြီး သူမအား ပေးလိုက်သည်။ "ဒါက မင်းရဲ့ မန်ဘာကတ်"

"နောက်ဆုံးတော့ ငါ မန်ဘာကတ်တစ်ခုရခဲ့ပြီ။ အဲဒါက ပိုသဘောကျတယ်။ ယွမ် ၁၀ သန်းကုန်ကျခံပြီးမှတော့ ငါတစ်ခုရသင့်ပါတယ်" လင်းရွှယ်သည် မန်ဘာကတ်ကို ဝမ်းသာအားရသိမ်းဆည်းလိုက်၏။

"သူဌေး ဝမ်မိသားစု၊ စွန်းဒုန်ဟမ်တို့မိသားစုနဲ့ ကျွန်တော်တို့အဖွဲ့က စားပွဲအားလုံးနေရာပြည့်သွားကြပြီ။ လင်းရွှယ်က တစ်ယောက်တည်းမထိုင်ချင်ဘူးဆိုရင် ခုံမလောက်တော့ဘူး" ကျောက်ဖုန်းက ပြောသည်။

"အမှန်ပဲ။ ကျွန်မ သူစိမ်းတွေနဲ့ စားပွဲအတူတူမထိုင်ချင်ဘူး" လင်းရွှယ်က ခေါင်းညိတ်ကာ ပြောသည်။

"အင်း" သူမ၏စကားကိုကြားသည့်အခါ ကျန်းဟန်က လှည့်ပတ်ကြည့်လိုက်ပြီး စန္ဒယားအနီးတွင် နေရာချနိုင်သည်ကို တွေ့လိုက်၏။ ထို့ကြောင့် ကျန်းဟန်က ပြတင်းပေါက်ရှေ့ရှိ အလှဆင်ထားသည့်စင်များကို လက်ညွှန်းထိုးပြလိုက်ပြီး "အဲဒီစင်တွေကို လွှင့်ပစ်ပြီး စားပွဲနဲ့ ထိုင်ခုံအသစ် သွားဝယ်လိုက်ပါ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now