စာစဉ်(၁၉) အပိုင်း(၉)

199 11 0
                                    

အပိုင်း(၂၅၉)အနက်ရောင်ခြေအိတ်ကိုသူသဘောကျတာလား

ကျန်းဟန်သည် ကျောက်ဖုန်းကို ဖုန်းခေါ်ပြီး နာရီဝက်အကြာတွင် ဘဲငါးကောင် လာပို့ခိုင်းလိုက်၏။

ကျန်းဟန်သည် ဘဲကင်ပြုလုပ်တော့မည်ကို သိလိုက်ရသည့်အခါ အဖွဲ့ဝင်များမှာ အလျင်မလိုကြဘဲ အေးအေးဆေးဆေး စောင့်ဆိုင်းနေခဲ့ကြသည်။ တစ်ချို့က သူတို့ချင်း စကားပြောနေကြပြီး တစ်ချို့က ဖုန်းများဖြင့် အလုပ်များနေကြ၏။

သို့သော် သာမန်စားသုံးသူအများစုမှာတော့ စိတ်ချမ်းသာမှုကို ခံစားနေကြရသည်။

ညနေစာမှာ ဘဲကင်ပြုလုပ်မည်စု ကြားသိရသည့်အခါ ဆိုင်ထောင့်တွင် ထိုင်နေသော ပီရာဆန်ကို ကြည့်၍ စိတ်ပူသွားကြသည်။

ဘဲကင်ရနံ့က လေထဲတွင် ပျံ့လွင့်နေပြီး ပီရာဆန်က မှတ်ချက်စကားများကို တတွတ်တွတ်ပြောနေလေမည်။ ဤသို့ဆိုပါက သာမန်စားသုံးသူများအနေဖြင့် ညစာကို ကောင်းကောင်းစားဝင်မည်မဟုတ်တော့ချေ။ ကံကောင်းစွာဖြင် ဘဲကင်မှာ နောက်ကျမှရမည်ဖြစ်၍ သာမန်စားသုံးသူများ ဒုက္ခမရောက်ရတော့။

ဘဲဘင်မှာ ည ၈ နာရီတွင် အဆင်သင့်ဖြစ်သည်။ ကျောက်ဖုန်း ပထမထပ်တွင် ရှိနေသည့်အတွက် ကျန်းဟန်သည် ပန်းကန်များကိုယူကာ ညစာစားရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။

"မင်း ဒီနေ့ပြန်လာတာ စောသားပဲ" ကျန်းဟန်က ဇီယန်အား စိုက်ကြည့်လိုက်၏။

ဇီယန်သည် ပေါ့ပေါ့ပါးပါးအဝတ်အစားများကို လဲထားသည်။ အဖြူရောင်တီရှပ်မှာ သူမ၏စွဲဆောင်မှုများအား ဖုံးကွယ်ထားပြီး ငယ်ရွယ်နိုပျိုသော အသွင်ကို ရရှိစေသည်။ ဇီယန်သည် အပြာနုရောင် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး သူမ၏သွယ်လျဖြူဖွေးသည့် ခြေတံများမှာ အလွန်စွဲဆောင်မှုရှိနေလေ၏။ ကျန်းဟန်သည်ပင် ၎င်းတို့အား အချိန်အတန်ကြာ စိုက်ကြည့်နေမိသည်။

ကျန်းဟန်၏မျက်လုံးများက တလက်လက်ဖြစ်နေသည်ကိုမြင်သည့်အခါ ဇီယန်သည် သူမ၏ဘယ်ခြေထောက်အား ညာဘက်ခြေထောက်ပေါ်သို့ ချိတ်တင်လိုက်၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now