အပိုင်း(၂၄၀)အပြန်
လူတိုင်း၏အကြည့်အောက်တွင် ကျောက်ဖုန်းနှင့်သူ၏လူများမှာ သူတို့၏ကားများဆီသို့ လျှောက်သွားကြသည်။
ဇီယန်နှင့်ကျိုးဖေးကို ကျောက်ဖုန်းက အဖြူရောင် ဘန်တလေကားဆီသို့ ဦးဆောင်ခေါ်သွား၏။ ယာဉ်မောင်းက တံခါးမဖွင့်ရသေးခင်မှာပင် ကျောက်ဖုန်းသည် ကားနောက်ခန်းတံခါးကို ဖွင့်ကာ အလွန်စံကျသည့်အနေအထားဖြင့် ကားပေါ်တက်ရန် သူ၏ဘယ်လက်ဖြင့် ညှန်ပြလေသည်။
"သူဌေးကတော် ကားပေါ်တက်ပါ" ကျောက်ဖုန်းက ပြုံး၍ ပြောသည်။
ဇီယန်က သူ့အား ကြည့်ကာ နှုတ်ခမ်းအားတွန့်တွေးလိုက်ပြီး ဘာမှမပြောဘဲ ကားပေါ်တက်လိုက်၏။
"နင်က အရမ်းတော်တာပဲ" ကျိုးဖေးက သူ့အား လေးစားစွာဖြင့် ပုခုံးကို ပုတ်လိုက်ပြီး "ကျေးဇူးပါ" ဟု ပြောလိုက်သည်။
သူ့အားစနောက်ပြီးနောက်တွင် ကျိုးဖေးလည်း ကားပေါ်တက်လိုက်၏။ ကျောက်ဖုန်းက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး ရှေ့ခရီးသည်ခုံတွင် ဝင်ထိုင်လိုက်၏။ ထိုနောက်တွင် ကားတန်းကြီးမှာ တဖြည်းဖြည်းမောင်းထွက်သွားခဲ့သည်။
ဖုန်းတိုင်ကလပ်၏ဝင်ပေါက်တွင် လူတစ်စုရပ်နေကြ၏။ သူတို့အားလုံးမှာ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"ကပ္ပတိန်လျောင် ငါတို့...."
"ငါတို့လည်း သွားသင့်ပြီ" လင်းကျဲနှင့် ကျန်းလုံအား ကြည့်လိုက်ပြီးနောက် ကပ္ပတိန်လျောင်က သက်ပြင်းတစ်ချက်ချကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏လူများကို ခေါ်သွားခဲ့သည်။
လင်းကျဲသည် ပုံစံပင်မပြောင်းဘဲ နေရာတွင်ပင် ရပ်နေသေး၏။
၎င်းကို မြင်သည့်အခါ ကျန်းလုံ အနည်းငယ် ထိတ်လန့်သွားသည်။
ဖုန်းထဲတွင် လင်းကျဲဘာကို ကြားခဲ့သလဲဆိုသည်ကို သူမသိသလို ကျောက်ဖုန်း၏နောက်ခံကိုလည်း မသိပေ။ သို့သော် လင်းကျဲက သူ့အား တောင်းပန်လိုက်ကတည်းက ကျောက်ဖုန်းတွင် ဩဇာကြီးမားသည့်နောက်ခံတစ်ခုရှိသည်ကို သူသိလေ၏။
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)
Romanceဒက်ဒီကျန်းဟန် စာစဉ် (၁၄) မှ စာစဉ်(၂၀) အထိ ကို ဒီမှာ တင်ပေးသွားပါမယ်နော်....