စာစဉ်(၁၆) အပိုင်း(၁၃)

196 14 0
                                    

အပိုင်း(၂၂၃)လေ့ကျင့်မှုအတွက်ပြင်ဆင်ခြင်း

"ငါမင်းကို လှုပ်ရှားမှုတွေအားလုံး အရင်သင်ပေးထားမယ်။ တစ်ဆင့်ပြီးတာနဲ့ နောက်တစ်ဆင့် လေ့ကျင့်နိုင်တယ်"

ကျန်းဟန်က ခေါင်းညိတ်ကာ ကျန်သည့် လှုပ်ရှားမှု ၃၁ ခုကို ပြသလေသည်။

ကျန်းဟန် လှုပ်ရှားမှုတစ်ခုပြသလိုက်သည်နှင့် ကျောက်ဖုန်း၏မျက်နှာမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ တစ်ကိုယ်လုံးကို လက်ချောင်းဖြင့် ထောက်ထားကာ တစ်ချိန်တည်းမှာပင် ခြေထောက်များက မတူညီသည့် လှုပ်ရှားမှုများကို လုပ်ရသည်မှာ အလွန်ခက်ခဲလေသည်။ ထို့ပြင် ကျောက်ဖုန်းအား ထိတ်လန့်တုန်လှုပ်စေမည့် ထူးဆန်းကာ မမြင်ဖူးမကြားဖူးသည့် လှုပ်ရှားမှုများက ပို၍ များလာလေသည်။

"လှုပ်ရှားမှုတိုင်းကို မှတ်မိပြီလား" ကျန်းဟန်က မေးသည်။

"ဟုတ်ကဲ့ ဆရာ" ကျောက်ဖုန်းက ပြောပြီးနောက် ခဏလောက် စဉ်းစားလိုက်သည်။ ထိုနောက် သိချင်စိတ်ပြင်းပြစွာဖြင့် "ဆရာ ဒီလှုပ်ရှားမှုတွေကို တတ်မြောက်ပြီးတာနဲ့ ကျွန်တော် ဘယ်လောက် အစွမ်းထက်လာမှာလဲ"

"မင်း ဒီလှုပ်ရှားမှုတွေအားလုံးကို ကျွမ်းကျင်သွားပြီး လေ့ကျင့်ခန်းတချို့လုပ်လိုက်ရင် မင်းက ချီသန့်စင်ခြင်းအဆင့်ကို ဝင်ရောက်လုနီးပါးဖြစ်ပြီ" ကျန်းဟန်က ခဏလောက်စဉ်းစားကာ ပြန်ဖြေသည်။

"ငါတကယ်ပဲ အဲ့လောက်သန်မာလာမှာလား။ ဟားဟား...ကျွန်တော် ပြင်းပြင်းထန်ထန်လေ့ကျင့်ပါမယ်" ကျောက်ဖုန်းက ခဏလောက် တက်ကြွစွာ လှည့်ပတ်ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် "ဆရာ ဒါက ရိုးရှင်းတဲ့နည်းစနစ်လို့ ဆိုလိုတာလား။ ဒါဆို ဆရာ့မှာ မဟူရာနတ်ဆိုးအရိပ်ရဲ့ အပြည့်အစုံနည်းစနစ်ရှိတာလား"

"မင်း အဲ့ဒါကို ကြည့်ချင်လို့လား" ကျန်းဟန်က တိုတိုတုတ်တုတ် ပြောသည်။

"ဟုတ်ကဲ့" ကျောက်ဖုန်းက အကြိမ်ကြိမ် ခေါင်းညိတ်သည်

"ကောင်းပြီ" ကျန်းဟန်က ယန်မိုးကြိုးသစ်ပင်အား အပေါ်ဘက်သို့ညွှန်ပြကာ "ဒီပင်စည်ကို ကြည့်လိုက်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now