စာစဉ်(၁၈) အပိုင်း(၆)

210 17 0
                                    

အပိုင်း(၂၄၃)ဟော့ပေါ့စားပွဲ

"ဘာဖြစ်နေတာလဲ"

ဝမ်ကျားဝမ်၏ခေါင်းမှာ အနည်းငယ်မူးနောက်သွားသည်။

အလယ်ရှိ ကားမှာ စားသောက်ဆိုင်မှ မစ္စတာကျန်း၏ကားပင်။ ဝမ်ကျားဝမ်သည် ကျန်းဟန်အား ငွေကြေးအနည်းငယ်သာရှိကာ သိပ်ပြီး ချမ်းသာသူမဟုတ်ဟု တွေးထင်ခဲ့သည်။ သူသည် အလွန်လေးလေးစားစားဖြစ်ခဲ့ရသော်လည်း အကြောင်းအရင်းမှာ ကျန်းဟန် ပြင်ဆင်ချက်ပြုတ်ထားသည့် အစားအသောက်များ အလွန်အရသာရှိသောကြောင့်ပင်။

ယခုတွင်တော့...။

ဝမ်ကျားဝမ်၏မျက်လုံးများတွင် ထင်ပေါ်နေသည်မှာ အစောင့်အကြပ် ကားအစီး ၂၀ ဖြစ်လေသည်။ တစ်စီးစီသည် အသစ်စက်စက် မာစီးဒီး အက်စ် ၆၀၀ ဖြစ်လေသည်။ လာနောက်နေတာလား။

"သူက ဘယ်သူများလဲ"

ဝမ်ကျားဝမ်၏အမူအရာမှာ တောင့်တင်းသွား၏။ ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းက သူ့အား လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

အနည်းဆုံး ယွမ် သန်း ၅၀ တန်သည့် မာစီးဒီး အစီးနှစ်ဆယ်ပင်။ ပြောနေစရာပင်မလိုအောင် ဝမ်ကျားဝမ်မှာ မာစီးဒီးကားများပေါ်မှ ဆင်းလာသည့် လူများကို တွေ့လိုက်ရသည့်အခါ သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။

လခွမ်း သက်တော်စောင့်တွေက ငါ့အင်္ကျီထက်တောင် ဈေးကြီးတဲ့ ဝတ်စုံတွေ ဝတ်ထားတာလား။

"ဒါ..." စုယွီ၏မျက်နှာမှာလည်း အနည်းငယ် ထိန်လန့်သွားကာ သူမ တိုးတိုးလေး ပြောလိုက်သည်။ "မစ္စတာကျန်းက တကယ်ကို မရိုးရှင်းဘူး"

သူတို့၏အကြည့်အောက်တွင် ပန်ဒါကားသးည့် ဖြည်းညှင်းစွာ ဝင်ရောက်လာပြီး ညာဘက်ရှိ ကားပါကင်နေရာတွင် ရပ်လိုက်သည်။ ကျောက်ဖုန်းက အားဟူနှင့် အခြားသူများကို လေ့ကျင့်မှုဆက်လုပ်ရန်အတွက် ကမ်းခြေသို့ ပြန်လွှတ်လိုက်သည်။

ကုမ္ပဏီ၏တည်နေရာအား ပြင်ဆင်မပြီးမချင်း ကားများကို ဖုန်းမင်ကလပ်တွင် ယာယီ ထားခဲ့ရသည်။

ကျောက်ဖုန်း ပြောပြီးသည်နှင့် ပန်ဒါကားထဲမှ ကျန်းဟန် အရင်ဆုံးထွက်လာပြီးနောက် နောက်ခုံသို့သွားကာ မုန့်မု့်အား ပွေ့ချီလိုက်သည်။ တံခါး၏တစ်ဖက်တွင် ပန်းများကို ပွေ့ထားသည့် ဇီယန်နှင့် ကျိုးဖေးတို့ ဆင်းလာကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now