စာစဉ်(၁၈) အပိုင်း(၅)

209 13 0
                                    

အပိုင်း(၂၄၂)ခရက်ရှ်(Crush)

ဇီယန်သည် လူမြင်ကွင်းတွင် ထိုသို့ပြုမူမိလိုက်သဖြင့် ကျိုးဖေးအား မျက်စောင်းထိုးလိုက်သည်။ ထိုနောက် ကျန်းဟန်အား ကြည့်ကာ သူမ၏တောက်ပသည့် မျက်လုံးဝိုင်းကြီးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း နှုတ်ခမ်းများကို ဖွင့်ဟလိုက်၏။ သူမ ဖြည်းညှင်းစွာဖြင့်

"အရူး ကျွန်မတို့ တစ်ချိန်လုံး ဒီမှာပဲ ရပ်နေတော့မှာလား"

"အာ....အရင်ဆုံးကားပေါ်တက်ရအောင်" ကျန်းဟန် ရယ်မောကာ ပန်ဒါကားဆီသို့ ဦးတည်သွားခဲ့၏။

ဇီယန်သည် ပန်းများကို ပွေ့ပိုက်ကာ ခေါင်းကို ငုံ့၍ နမ်းရှိုက်လိုက်ပြီး ချီးကျူးလိုက်သည်။

"အရမ်းမွှေးတာပဲ။ အရမ်းလှတယ် သဘောကျတယ်"

သူမပြောလိုက်သည့်စကားကြောင့် ဘေးနားရှိ ကျိုးဖေးမှာ နှုတ်ခမ်းစူသွားသည်။

သူမသည် အခြားသူများမှ ပန်းများပေးသည့်အချိန်တုန်းက ကြည့်ရုံမျှသာ ဖြစ်သော်လည်း ယခုတော့... သူမသည် လုံးဝ ပန်းချစ်သူတစ်ယောက်ဖြစ်နေလေတော့သည်။

တကယ်တမ်းတွင် သူမပြောခဲ့သည်မှာ ပန်းများမှာလှပသော်လည်း ၎င်းက အရေးမကြီးချေ။ တကယ်တမ်း အရေးကြီးသည်က မည်သူ ပို့ပေးသလဲဆိုသည့် အချက်ပင်။

"အစ်မယန်က ခဲအိုကို တကယ်သဘောကျတဲ့ပုံပဲ။ အဲဒါ အရမ်းကောင်းတယ်" ကျိုးဖေးသည် မျက်နှာထက်တွင် ပျော်ရွှင်သည့်အပြုံးဖြင့် ဇီယန်အား ကြည့်လိုက်ရင်း စိတ်ထဲတွင် ပြောလိုက်မိသည်။

တကယ်တမ်းတွင် ကျန်းဟန်သည် ဤမျှ ထူးချွန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။ အစပိုင်းတွင် သူမသည် ကျန်းဟန်၏နောက်ကွယ်တွင် မရေမတွက်နိုင်အောင် ကြိမ်းမောင်းနေခဲ့ပြီး သူ့အား တစ်ချိန်လုံး လှောင်ပြောင်နေခဲ့သည်။ သို့သော် သူနှင့် ဆက်သွယ်ဆက်ဆံပြီးနောက်တွင် သူသည် အဝတ်လျှော်၊ ထမင်းချက်၊ ကလေးထိန်း၊ ပိုက်ဆံရှာပြီး အိမ်တွင်သာ နေရသည်ကို နှစ်သက်သည့် လူတော်လူကောင်းပုံစံဖြစ်ကြောင်း သိလိုက်ရသည်။ (အဲဒါတွေက ဇာတ်လမ်းထဲမှာပဲ ရှိတာနော် အစ်မတို့။ အပြင်မှာ အဲ့လို အိမ်အလုပ်အစုံရပြီး အိမ်မှာပဲနေတတ်တဲ့သူက ခပ်ရှားရှားရယ် xd)

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now