စာစဉ်(၁၅) အပိုင်း(၁၃)

198 14 0
                                    

အပိုင်း(၂၀၉)ပြေး...ကားပေါ်တက်...

"ဘုရားရေ..."

"ဒုန်တျန်းဖန်၊ ရှားရှန်ဟောင်နဲ့ ရဲ့ဟန်တို့အောင် သူတို့ရှေ့ကလူကို ကြောက်ရွံ့ကြတယ်။ သူတို့သုံးယောက်လုံး ဒီလူကို ရန်မစဝံဘဲ ဒီတိုက်ပွဲကိုလည်း ဆက်မကြည့်ရတော့ဘူး။ ဆိုလိုတာက...ငါတို့ရှေ့ကလူက စိတ်ကူးမယဉ်နိုင်လောက်အောင်ကို ကြောက်ဖို့ကောင်းတဲ့သူလား"

"ငါတို့ ဒါကို ဘယ်လိုတိုက်ခိုက်ကြမှာလဲ။ အဲ့မှာ ရပ်နေတဲ့လူက ဆယ်ရောက်တိုက်ပွဲကို အနိုင်ယူပြီးပြီ"

လောင်ပင်း စိတ်ပျက်သွားသည်။ သူသည် လန်ယုညီအစ်ကိုနှင့် အခြားသူများအား ကြည့်လိုက်၏။ ယခု သုံးယောက် မှောက်သွားသော်လည်း ကျွမ်းကျင်သူ ခုနှစ်ယောက် ကျန်နေသေးသည်။ အနိုင်ရရှိရန် မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရှိကောင်း ရှိနိုင်ပေသည်။

လောင်ပင်းမမျှော်လင့်ထားသည်က လန်ယုညီအစ်ကိုနှင့် အခြားငါးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လေးနက်သည့်လေသံဖြင့် စကားလုံးတစ်လုံးကို အော်ပြောလိုက်ခြင်းပင်။

"ပြေး..."

ဝှစ်...

လန်ယုညီအစ်ကိုနှင့် အခြားနာမည်ကျော်ကြားသည့် ကျွမ်းကျင်သူငါးယောက်မှာ ချက်ချင်းပင် မတုံ့မဆိုင်းလှည့်ပြေးကြလေသည်။ မီတာ ၁၀၀ အပြေးပြိုင်ပွဲကဲ့သို့ပင် သူတို့သည် အသက်ရှူကြိမ်အနည်းငယ်အတွင်း မီတာ ၅၀ ထိ ပြေးသွားကြသည်။

သူတို့၏နောက်ကျောကို ကြည့်ရင်း လောင်ပင်း ကြောင်အနေ၏။

သူတို့ဘာလို့ တစ်ခါတည်းထွက်ပြေးကြတာလဲဟ...။ ကျွမ်းကျင်သူမာစတာတွေရဲ့ ဂုဏ်သိက္ခာကရော ဘယ်ရောက်ကုန်တာလဲ။ သူတို့က ဂုဏ်သိက္ခာကို စွန့်ပစ်သွားကြတာလား။

သို့သော် လန်ယန်ညီအစ်ကိုနှင့် အခြားမာစတာငါးယောက်တို့မှာ လူသန်ကြီးအား အတူတကွတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့လျှင်ပင် သူတို့ တစ်စက္ကန့်အတွင်း အရိုက်ခံရမည်ကို သူမသိခဲ့ချေ။

"ဒီလူ....အရမ်းကြောက်ဖို့ကောင်းတာပဲ။ အခု သူက ဘယ်အဆင့်မှာလဲ။ ဘာလို့ သူက ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now