စာစဉ်(၁၆) အပိုင်း(၇)

203 13 0
                                    

အပိုင်း(၂၁၇)ကျိုးဖေးစိတ်တိုနေသည်

"အာ...ငါတကယ် စိတ်တိုနေပြီ" ကျိုးဖေး ခေါင်းအုံးကို ကောက်ကိုင်ကာ ကိုက်ပစ်လိုက်သည်။ သူမ၏ဒေါသကို ဖြေဖျောက်ရန် ခဏလိုက် ကိုက်ပစ်လိုက်ပြီးနောက် "လောလောဆယ် ငါတို့မှာ ပီအာအဖွဲ့(လူထုဆက်ဆံရေး - Public Relation Team)တောင်မရှိဘူး။ အရမ်းစိတ်တိုဖို့ကောင်းတာပဲ"

ယေဘူယျအားဖြင့် ကျိုးဖေး၏အလုပ်မှာ ဇီယန်အတွက် အချိန်ဇယား စီစဉ်ပေးပြီး လက်ထောက်အဖြစ်ဆောင်ရွက်ရသည်။ သို့သော် အင်တာနက်ပေါ်တွင် လူထုအမြင်နှင့်ပတ်သက်၍ ကိုင်တွယ်ရန် ပီအာအဖွဲ့တစ်ခုလိုအပ်ပေသည်။ ကောင်းမွန်သည့် ပီအာအဖွဲ့သည် ဝက်တစ်ကောင်ကိုပင် ဩဇာကြီးမားသူဖြစ်အောင် ပြောင်းလဲပေးနိုင်သည်။

လူထုဆက်ဆံ‌ရေးမှာ အရေးပါသော်လည်း ဇီယန်နှင့် ကျိုးဖေးတို့ လက်ရှိတွင် အဖော်မဲ့နေသည်။ သူတို့တွင် ရွေးချယ်စရာမရှိသော်လည်း ကုမ္ပဏီ၏ရှင်းလင်းပေးမှုဖြင့် ရှိုးတွင် ပြန်ပါနိုင်သည်။

သန်းခေါင်အကျော်မှ ည ၂ နာရီအထိ ဗီဒီယို၏အောက်တွင် မှတ်ချက်များ တဖြည်းဖြည်းလျော့နည်းလာသော်လည်း လီချန်း၊ ဖက်တီးနှင့် အခြားနှစ်ယောက်မှာ ဤသည်က အစတစ်ခုသာဖြစ်ကြောင်း သိကြသည်။ နောက်တစ်နေ့မနက်မိုးလင်းသည်နှင့် ဤဗီဒီယို၏ရေပန်းစားမှုမှာ ထိပ်ဆုံးဖြစ်သွားပေမည်။ လူထု၏အမြင်ဖြင့် ဖိနှိပ်ခံရပြီးနောက် ဇီယန်သည် နောင်တွင် ပြဿနာများစွာကို ရင်ဆိုင်ရဖွယ်ရှိသည်။

နောက်တစ်နေ့ မနက်ခြောက်နာရီတွင်...

"အမ်.."

မုန့်မုန့်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်အား ကြောင်အက ကြည့်လိုက်သည်။ သူမလေးသည် နှုတ်ခမ်းများကို မဲ့လိုက်ကာ စတင်ငိုလေတော့သည်။ "အူးဝါး...."

ဝှစ်...

ကျန်းဟန် မျက်လုံးဖွင့်ကာ ထထိုင်လိုက်ပြီး မုန့်မုန့်အား သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ဤအဖြစ်အပျက်မှာ သူ့အတွက် တစ်စက္ကန့်ပင်မကြာလိုက်ချေ။

"ဘာဖြစ်တာလဲ မုန့်မုန့်။ သမီးအိပ်မက်မက်နေတာလား။ ဒီမှာ ဖေဖေရှိတယ် မကြောက်နဲ့နော်..." ကျန်းဟန်သည် မုန့်မုန့်၏ခေါင်းလေးအား ပွတ်သပ်ပေးရင် နူးညံ့စွာပြောသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Kde žijí příběhy. Začni objevovat