စာစဉ်(၁၄) အပိုင်း(၁၁)

198 15 0
                                    

အပိုင်း(၁၉၃)အပြင်အားအဆင့်သိုင်းပညာရှင်နှစ်ယောက်လေးပဲမဟုတ်လား

တကယ်တမ်းတွင် တာဟေးနှင့်နည်းပြလျိုတို့သည် အစစ်အမှန်ခွန်အားတွင် အတူတူဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် အတွင်းအားအဆင့်၏အကန့်သတ်တွင် ရှိနေကြ၏။ သို့သော် တာဟေးသည် ရုပ်ပိုင်းဆိုရာ ခုခံမှုတွင် ပိုမိုအားကောင်းသည့်အတွက် အထွတ်အထိပ်သိုင်းပညာရှင်အများစုထက် ကျော်လွန်သွားခဲ့သည်။

ရှောင်ဟေးသည် တာဟေးထက် အနည်းငယ်အားနည်းပြီး အတွင်းအားအလယ်အဆင့်တွင် ရှိနိုင်သော်လည်း သူ၏အမြန်နှုန်းမှာ အထွတ်အထိပ်မာစတာအများစုနှင့် တူညီနိုင်သည်။

ကျောက်ဖုန်းသည်တော့ အားအနည်းဆုံးဖြစ်သည်မှာ ထင်ရှား၏။

ကျောက်ဖုန်းသည် အပြင်အားအဆင့်သာရှိသေးသည်။ သူတို့ထဲက မည်သူမဆို သူ့အား ငါးမိနစ်အတွင်း အနိုင်ယူနိုင်သည်ကို သတိရှိသဖြင့် သူတို့သုံးယောက်က သူ့အား လျစ်လျူရှုထားခဲ့သည်။ သူတို့သုံးယောက်သာ အတူတူပေါင်းတိုက်လျှင် တစ်မိနစ်ဆိုလျှင် လုံလောက်ပေသည်။

ဒုန်ရှန်းချွမ်သည် သူတို့၏ထိတ်လန့်နေမှုကို နားလည်နိုင်သည်။ အလုပ်ကိစ္စစလာသည့်အချိန်တွင် သူတို့၏အမူအရာများမှာ ပို၍လေးနက်လာသည်။

"ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ ခန့်မှန်းခြေ ယွမ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ထန်ကျန့်ရဲ့ပိုင်ဆိုင်မှုတွေကို ကျောက်ဖုန်းက အားလုံးယူသွားတယ်။ အခင်းဖြစ်ပွားချိန်မှာလည်း စံအိမ်ကြီးမှာ လူပေါင်း ၃၀ ကျော်သေဆုံး ဒဏ်ရာရခဲ့တယ်။ ဒီကိစ္စကို ဖြေရှင်းဖို့လိုတယ်။ ရက်အနည်းငယ် စုံစမ်းစစ်ဆေးပြီးတော့ ကျုပ်တို့ သဲလွန်စတချို့တွေ့ခဲ့တယ်။ အဲ့အချက်တွေကို ကျုပ် ခြုံငုံပြောပြပါမယ်"

ဒုန်ရှန်းချွမ်သည် လက်တစ်ချောင်းကို ထောင်လိုက်ပြီး

"ပထမ၊ ကျောက်ဖုန်းက အစက ကျုပ်တို့ရဲ့ လျှို့ဝှက်အေဂျင့်တစ်ယောက်ပါ။ သူက ထန်ကျန်ကို ဖြုတ်ချခဲ့ပြီး သက်သေအထောက်အထားတွေနဲ့ မူးယစ်ဆေးဝါး ကီလို ၂၀၀ ကျော် ဖမ်းဆီးပေးနိုင်ခဲ့တယ်။ သူ့အနေနဲ့ အကျိုးဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သက်သေအထောက်အထားတွေနဲ့ မူးယစ်ဆေးတွေကလွဲပြီး တခြားဘာရတနာမှ ချန်ထားခဲ့ခြင်းမရှိပါဘူး။ ပြီးတော့ အဲ့ဒီအချိန်ကတည်းက သူ ကျုပ်တို့ကို အဆက်အသွယ်မလုပ်ခဲ့ဘူး"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Onde histórias criam vida. Descubra agora