စာစဉ်(၁၆) အပိုင်း(၆)

204 12 0
                                    

အပိုင်း(၂၁၆)လူထုအမြင်ဖြင့်သူမကို ရိုက်ချပါ

ကျောက်ဖုန်း၏စကားများက သူ၏လူအချို့အား စွဲဆောင်သွားပါက ဂူချန်း အလွန်စိုးရိမ်မိမည်မဟုတ်ပေ။ သို့သော် သူ၏လူအများစုသည် မျက်လုံးများတောက်ပလာသည်ကို တွေ့လိက်ရသည့်အခါ သူ အမှန်တကယ် ထိတ်လန့်သွား၏။

အားလုံးက သူ့အား ထားခဲ့ပြီး ကျောက်ဖုန်းနောက်သို့ လိုက်သွားခဲ့လျှင် အနာဂတ်တွင် သူ မည်သို့ ခြေကုပ်ယူနိုင်ပါမည်နည်း။

သူသည် လွတ်လပ်ပေါ့ပါးသော ဘဝကို လိုချင်ပြီး အဖွဲ့အစည်းတစ်ခုတွင် သူဌေးအဖြစ်လက်ခံနိုင်သော်လည်း သူနှင့်မရင်းနီးသည့်လူတစ်ယောက်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရသော ဝန်ထမ်းတစ်ယောက် မဖြစ်လိုချေ။ သူဌေးက အလွန်ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း သူသည် ချုပ်ချယ်ခံရသည်ကို မကြိုက်ပေ။

ဂူချန်း၏ခါးသီးသော ရယ်သံကို ကြားလိုက်ရပြီး လူတိုင်း၏အမူအရာကို မြင်လိုက်ရသည့်အခါ ဂူချန်း ဘာတွေးနေသည်ကို ကျောက်ဖုန်း သိလိုက်သည်။ ကျောက်ဖုန်းက စိတ်ချလက်ချနေပါဟူ၍ကြည့်လိုက်ကာ ချောင်းဟန့်ပြီး နက်ရှိုင်းသည့်အသံဖြင့် ဆက်ပြောသည်။

"မင်းတို့ ငါ့နောက်ကို လိက်ချင်ရင် လိုအပ်ချက်တွေတော့ရှိတယ်"

"ပထမဆုံး မင်းတို့ အရင်က ဘယ်လိုအကျင့်ဆိုးတွေပဲ ရှိပါစေ ကုမ္ပဏီမှာ အလုပ်လုပ်တဲ့အခါ သူဌေးရဲ့ရှေ့မှာ ရိုင်းရိုင်းပြပြပြောဆိုခွင့်မရှိဘူး"

"ဒုတိယက မင်းတို့ကုမ္ပဏီကို ဝင်ရောက်ပြီဆိုကတည်းက စည်းကမ်းတွေ အများကြီးရှိလိမ့်မယ်။ အဲဒီစည်းကမ်းတွေကို လိုက်နာနိုင်တဲ့သူ ပါဝင်နိုင်တယ်။ အဲ့လို မဟုတ်ရင်တော့ ငါ့ကို မစာနာဘူးလို့ အပြစ်မတင်နဲ့"

"တတိယက မင်းတို့ ငါ့နောက်ကိုလိုက်တယ်ဆိုကတည်းက ငါဘာပဲအမိန့်ပေးပေး မင်းတို့ စောဒကမတက်ရဘူး။ မင်းတို့ လုပ်ရမယ်"

"စတုတ္ထက ကုမ္ပဏီကို ဝင်လိုက်ပြီဆိုရင် သက်သာချောင်ချိတဲ့ ဘဝကို နှုတ်ဆက်ပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ရတာမျိုး ရှိနိုင်သလို တခြားအခြေနေတွေလည်း ရှိနိုင်တယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Wo Geschichten leben. Entdecke jetzt