စာစဉ်(၂၀) အပိုင်း(၅)

199 11 0
                                    

အပိုင်း(၂၆၈-က)ဒါရိုက်တာဒုန်လက်ကမ်းခြင်း

ဖုန်းချလိုက်ပြီးနောက် ကျောက်ဖုန်း၏မျက်လုံးများ တောက်ပလာသည်။

ဒါရိုက်တာဒုန်သည် ယခင် စီဘီဒီအဆောက်အအုံအား လေလံတင်ရောင်းချမှုနှင့် ပတ်သက်၍ သူ့အား ဖုန်းခေါ်ခဲ့သည်။ ဤသည်က သူ့အတွက် နောက်ထပ် အခွင့်အရေးရှိသေးသည်ဟု ဆိုလိုသည်မဟုတ်ပါလား။

သို့သော် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ကျောက်ဖုန်းသည် သူ့အား တွေ့ရမည်ဖြစ်ပေသည်။

ခဏလောက်တန့်နေပြီးနောက် ကျောက်ဖုန်းသည် လီဗာကိုနင်းကာ ပြည်သူ့လုံခြုံရေးဗျူရိုသို့ ဦးတည်သွားခဲ့၏။

နာရီဝက်ခန့်ကြာပြီးနောက် သူ ရောက်ရှိသွားသည်။

"ငါ ဒါရိုက်တာကို ရှာနေတာပါ"

ကျောက်ဖုန်းက ရဲအရာရှိအား ပြောလိုက်သည်။

"မင်းက ကျောက်ဖုန်းမလား။ ဒါရိုက်တာနဲ့ ဘာလုပ်ချင်လို့လဲ။ အခု ဒါရိုက်တာ မအားဘူး" လူလတ်ပိုင်းအရွယ်ရဲအရာရှိမှာ မျက်မှောင်ကြုတ်သွား၏။

လဆန်းပင်လယ်ကွေ့ရှိ မြေအောက်ဂိုဏ်းများမှ ခေါင်းဆောင်များကို သူတို့ ရင်းနီးကြပေသည်။ တကယ်တမ်းတွင် ထိုဂန်းစတားများမှာ သူတို့၏မှတ်တမ်းများ၌ ပါရှိနေပေသည်။ သူတို့က ရဲများကို မသိကြသော်လည်း ရဲအများစုကတော့ သူတို့အား သိကြလေ၏။

"ဒါရိုက်တာဒုန်က ငါ့ကို ဒီကို ခေါ်ထားတာ" ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ပြောသည်။

"တကယ်လား" ရဲအရာရှိမှာ အံ့အားသင့်သွား၏။ ကျောက်ဖုန်းအား အကဲခတ်လိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ "မင်း နောက်ထပ် ပြစ်မှုကျူးလွန်ခဲ့တာလား"

ကျောက်ဖုန်းက ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး ပြောသည်။ "ငါ မြေအောက်ဂိုဏ်းတွေနဲ့ လမ်းခွဲလိုက်ပြီ"

"အဲဒါက အကောင်းဆုံးဖြစ်မှာပါ" ပြောပြီးသည်နှင့် ရဲအရာရှိသည် ကျောက်ဖုန်းရောက်ရှိနေကြောင်း သူ၏အထက်အရာရှိအား သတင်းပို့လိုက်၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now