အပိုင်း(၁၆၉-က)ဥက္ကဌလျိုလာရောက်လည်ပတ်မှု(၁)
"ဖူး...အဟွတ် အဟွတ်"
ထျန်းစန်းမှာ လက်ဖက်ရည်သီးသွားပြီး မျက်နှာပင် နီရဲသွား၏။ သတိပြန်ဝင်လာပြီးနောက်တွင် သူ ထပ်မေးသည်။ "ပန်းတွေ သစ်ရွက်တွေကို လက်နက်အဖြစ် တကယ်ကြီးသုံးနိုင်တာလား"
"ငါမင်းကို လိမ်နေဖို့မှမလိုတာ" ဒုန်ရှန်းချွမ်က မကျေနပ်ဖြင့် ကြည့်လိုက်သည်။
"ကောင်းပြီ ကောင်းပြီ"
ထိုအချိန်တွင် ထျန်းစန်းသည် မမောက်မာနိုင်တော့ချေ။ သူသည် ရှက်ရွံ့စွာဖြင့် ရေရွတ်လိုက်သည်။ "ငါမှားသွားတာ အဟမ်း အဟမ်း"
ပထမဗီဒီယိုမှလူသည် အမှန်တကယ် ချီစွမ်းအားမာစတာဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ အကြိမ်ကြိမ်အတည်ပြုပြီဂနောက်တွင် ထျန်းစန်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ ထိုဗီဒီယိုထဲမှ မာစတာသည် အလွန်သက်ညှာပေးခဲ့သည်ဟု သူတွေးမိသည်။ ချီစွမ်းအားမာစတာအား ရန်စမိသည့်ထိုလူများမှာ ခြေလက်များ ကျိုးသွားရုံကပင် ကံကောင်းလွန်းနေပေသည်။
လျိုချင်းဖုန်းသည် လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း တောင့်တောင့်ကြီးထိုင်နေသည်။ သူသည် စိတ်နှင့်လူနှင့်မကပ်လဲ အချိန်အတန်ကြာအောင် မလှုပ်မယှက်ဖြစ်နေ၏။ သူ ဘာတွေးနေသလဲ မည်သူမှ မသိချေ။
လျိုချင်းဖုန်းသည် မာစတာ၏အထောက်အထားကို ဖော်ထုတ်ရန် ကြိးစားနေမှန်း ဒုန်ရှန်းချွမ်သိနေသည့်အတွက်ကြောင့် သူသည် ကိုယ့်ဟာကိုယ် လက်ဖက်ရည်တစ်ခွက် ထပ်၍ ငှဲ့လိုက်၏။
ဂလွတ်...
အကုန်မော့သောက်လိုက်ပြီးနောက်တွင် မွှေးရနံ့လေးမှာ စွဲကျန်နေရစ်သည်။ ထိုနောက်တွင် လက်ပ်တော့မှ USB ကို ဖြုတ်လိုက်၏။ သူသည် ထိုသုံးယောက်အား ကြည့်လိုက်ကာ မတ်တပ်ရပ်၍ ခေါင်းယမ်းရင်း ပြောလိုက်သည်။
"ကဲ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးပါ ဥက္ကဌလျို။ ငါအခု ပြန်တော့မယ်"
"အာ...အင်း...ကောင်းပါပြီ။ ဒါရိုက်တာဒုန် အခုလို အချက်အလက်တွေ ပေးတဲ့အတွက် ကျေးဇူးပါ။ ကျုပ် ခင်ဗျားကို တစ်ရက်ရက်ကျရင် လိုက်ပြီး ဧည့်ခံပါဦးမယ်။ ရှောင်လင်း ဧည့်သည်ကို လိုက်ပို့ပေးလိုက်ပါဦး" လျိုချင်းဖုန်းက မတ်တပ်ရပ်ကာ ပြောသည်။
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)
Romanceဒက်ဒီကျန်းဟန် စာစဉ် (၁၄) မှ စာစဉ်(၂၀) အထိ ကို ဒီမှာ တင်ပေးသွားပါမယ်နော်....