စာစဉ်(၁၅) အပိုင်း(၈)

207 14 0
                                    

အပိုင်း(၂၀၄)လှုပ်ရှားမှုစတင်ပြီ

စုယွီက သူမအား နည်းမျိုးစုံဖြင့် အလျင်အမြန်ချော့မော့သည်။ ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက်တွင် သူမသည် ဝမ်ရီဟန် မုန့်မုန့်အား တွန့်ဆုတ်စွာဖြင့် လက်ပြနှုတ်ဆက်ရန် ဆွဲဆောင်နိုင်ခဲ့သည်။

"မုန့်မုန့် ငါအခု ပြန်တော့မယ်။ နောက်နေ့မှာ လာခဲ့မယ်နော်"

"အင်း...နောက်တစ်ခါကျရင် ငါနင့်ကို တာဟေး ရှောင်ဟေးတို့နဲ့ ကစားခိုင်းမယ်။ ငါ့ဖေဖေက ငါ့အတွက် သုခဘုံတစ်ခု လုပ်ပေးထားတယ်" မုန့်မုန့်က ရယ်မောကာ ပြောသည်။

"တကယ်လား။ ဒါဆို ငါ မနက်ဖြင့် စောစောလာခဲ့မယ်" ဝမ်ရီဟန်၏မျက်လုံးများမှာ တောက်ပလာသည်။

သူမပြောပြီးနောက်တွင် ပြုံးကာ ခေါင်းယမ်းနေသော ဝမ်ကျားဝမ်က ဝမ်ရီဟန်အား ပွေ့ချီကာ ထွက်ခွာသွားခဲ့သည်။

မနက်ဖြန် သူ့အတွက် အလုပ်များရှိနေပေသည်။ ထို့ကြောင့် သူမအား ဤနေရာသို့ ကစားရန် ခေါ်လာပေးဖို့ အချိန်မရှိပေ။

သူတို့ပြန်သွားပြီးနောက်တွင် မုန့်မုန့်မှာ ပင်ပန်းလာသည်။ သူမလေးသည် ဆိုဖာပေါ် မတ်တပ်ထရပ်ကာ လက်များကို ကျန်းဟန်ဆီ ဆန့်တန်းရင်း

"ဖေဖေ သမီးအိပ်ချင်တယ်"

"ဖေဖေ လာပြီ" ကျန်းဟန် ပြုံးကာ မုန့်မုန့်အား ပွေ့ချီ၍ အပေါ်ထပ်သို့ တက်သွားသည်။ မုန့်မုန့်အား သက်တောင့်သက်သာရှိမည့် ညဝတ်အင်္ကျီကို လဲပေးလိုက်သည်။ မင်းသမီးလေးသည် အိပ်ရာပေါ်သို့ တွားသွားကာ "ဖေဖေ မုန့်မုန့်ကို ပုံပြင်ပြေပြ" ဟု တိုးတိုးလေးပြော၏။

ကျန်းဟန်လည်း အင်္ကျီများကိုချွတ်ကာ ညဝတ်အင်္ကျီဝတ်၍ မုန့်မုန့်အား လက်မောင်းထက်တွင် တင်လိုက်သည်။

ဖေဖေနှင့်မတွေ့ခင်အထိ ဖေဖေ၏သန်မာသည့်လက်မောင်းအား ခေါင်းအုံးရသည်မှာ မည်မျှသက်တောင့်သက်သာရှိကြောင်း သူမလေး နားမလည်ခဲ့ပေ။ အိပ်ရာသေးသေးလေးတွင်အိပ်ရသည်ထက် ဖေဖေ၏လက်မောင်းပေါ်တွင်အိပ်ရသည်က များစွာပို၍ကောင်းပေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Onde histórias criam vida. Descubra agora