စာစဉ်(၁၆) အပိုင်း(၁၀)

200 14 0
                                    

အပိုင်း(၂၂၀)ဒေါသထွက်နေသည့်စီအိုအို(COO– Chief Operation Officer)

မှန်ပေသည်။ ရွှယ်ချမ်သာမက ကျန်းဟန်၏သီချင်းများကို လက်ခံရရှိခဲ့သူများအားလုံးနီးပါး ရှေ့သို့ထွက်လာခဲ့ကြလေသည်။ ခြွင်းချင်မရှိ သူတို့ထုတ်ပြန်သည့်စာသားများအားလုံးမှာ ဇီယန်အား ထောက်ခံခဲ့ကြသည်။ သူတို့သည် ထိုဒိုင်လူကြီးများအား ဝေဖန်သည့်ပုံမပေါ်သော်လည်း စာကြောင်းများတွင် ပုတ်ခတ်သည့်ပြောဆိုမှုအချို့ ပါဝင်နေသည်။

ကျန်းဟန်မှာ သီချင်းစုစုပေါင်း အပုဒ် ၅၀ ထုတ်ပေးခဲ့သည်။ ဒိုင်သုံးယောက်အား သိနေကြသည့်လူအနည်းငယ်မှလွဲ၍ လူ ၄၀ နီးပါးမှာ ပို့စ်တင်ခဲ့ကြလေသည်။

ထိုပို့စ်များကြောင့် အင်တာနက်သုံးစွဲသူများကြားတွင် ဝေ့ပေါ်မြင်ကွင်းတစ်ခု ဖန်တီးခဲ့လေသည်။ နာရီအနည်းငယ်ကြာပြီးနောက်တွင် "ဟန်ယန်သည် ဒိုင်သုံးယောက်အား ဒေသတကြီးဝေဖန်သည်" ဆိုသည့် ခေါင်းစဉ်မှာ ရှာဖွေမှုအများဆုံးတွင် ထိပ်ဆုံးသို့ရောက်ရှိလာခဲ့ပြီး အဓိကရှာဖွေရေးဝဘ်ဆိုဒ်များ၏ခေါင်းစီးပိုင်းတွင်ပင် ဖော်ပြခံရသည်။ သူတို့၏ခေါင်းစဉ်များမှာ အမျိုးမျိုးပင်။

"မြင့်တက်နေတဲ့ဟန်ယန်က နောက်ထပ်လှုပ်ရှားမှုပြုလိုက်ပြီ။ သူက ဒီတစ်ခါ သီချင်းတွေ မထုတ်တော့ပေမယ့် ကျန်းရွမ်တီဗီစတေရှင်က ထုတ်လွှင့်တဲ့အစီအစဉ်ရဲ့ ဒိုင်သုံးယောက်ကို ဝေဖန်ခဲ့တယ်"

"ဟန်ယန်ရဲ့ဟိန်းဟောက်သံက ကျန်းရွမ်တီဗီစတေရှင်ကို တုန်လှုပ်စေခဲ့တယ်။ သူက ဇီယန်ကို ထောက်ခံခဲ့တယ်။ သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်ခဲ့တယ်"

"ရက်အနည်းငယ်ကြာပြီးနောက်မှာ ဟန်ယန်က ပို့စ်တစ်ခု ထပ်တင်ခဲ့တယ်။ ဒါက ကြီးကျယ်တဲ့အချစ်ဇာတ်လမ်းရဲ့အစများလား"

ထိုသတင်းမှာ လူအများ၏အာရုံစိုက်မှုကို ခံရသည့်အတွက် ပါးနပ်သည့် မီဒီယာများမှာ ထိုသတင်းအား အခွင့်ကောင်းယူရန် ကြိုးစားခဲ့ကြသည်။ အကြောင်းအရာမှာ တူညီသော်လည်း သူတို့၏ခေါင်းစီးများက အမျိုးမျိုးတပ်ထားကာ လူအာရုံစိုက်မှုကို ပို၍ ဖြစ်ပေါ်စေခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now