စာစဉ်(၁၄) အပိုင်း(၁)

594 17 0
                                    

အပိုင်း(၁၈၃)အထင်သေးခြင်း

စားသောက်ဆိုင်တွင် မနက်ခင်း၌ ပေါက်စီသေးသေးလေးများက သူတို့၏နှလုံးသားကို အနိုင်ယူသွားခဲ့သည်။ အထူးသဖြင့် အဖွဲ့ဝင်မဟုတ်သည့် စာသုံးသူများပင်။ သူတို့သည် ထိုအရသာကို ခံစားနေရင်း နတ်ပြည်ရောက်နေသလို ကောင်းကင်ဘုံရောက်နေသလို ခံစားခဲ့ကြရ၏။

ဤသည်က သူတို့အတွက် မုန့်မုန့်စားသောက်ဆိုင်တွင် အသားစားရခြင်း၏ ပထမဆုံးအကြိမ်ပင်။ သူဌေးချက်ပြုတ်ထားသည့် အသားမှာ ဤမျှ အရသာရှိလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားပေ။ ဟင်းပွဲများအကြောင်းကို မကြာခဏ မှတ်ချက်ပြုလေ့ရှိသည့် ပီရာဆန်သည် ဤအသားအား လျှော့တွက်ခဲ့သည်မှာ ထင်ရှား၏။ သူတို့၏အမြင်တွင် ဤအသားမှာ သူတို့ဘဝတစ်သက်တာတွင် စားဖူးခဲ့သမျှထဲ၌ အကောင်းဆုံးအသားပင်ဖြစ်ချေသည်။

တစ်ချိန်တည်းမှာပင် ဤစားသောက်ဆိုင်ပိုင်ရှင်သည် အမှန်တကယ် အံ့ဩဖို့ကောင်းကြောင်း လူတိုင်း မတွေးမိဘဲ မနေနိုင်ချေ။ သူချက်ပြုတ်တည်ခင်းသည့် အစားအသောက်များမှာ တော်ဝင်နန်းတော်တွင် တည်ခင်းရန် လုံလောက်၏။ အမှန်ပင်။ ၎င်းက တခြားမဖြစ်နိုင်တော့ချေ။ သာမန်လူများအား ဤမျှကောင်းမွန်သည့်အစားအသောက်များကို စားသုံးခွင့်ပေးသည်က သူ့အနေဖြင့် အလွန်ပင်ကြင်နာတတ်လွန်းနေပေပြီ။

ဤအချိန်တွင် သူလုပ်ပေးထားသည့် ပေါက်စီလေးများက လူများ၏နှလုံးသားထဲတွ၍် သူ၏တန်ဖိုးကို နှစ်ဆကျော် တိုးသွားစေသည်ကို ကျန်းဟန် မသိခဲ့ချေ။

မနက်စာ စားပြီးနောက်တွင် မုန့်မုန့်သည် ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်ရင်း ဖျော်ရည်တစ်ခွက်သောက်သည်။

"အာ...ဖေဖေ။ ပေါက်စီသေးသေးလေးတွေက အရမ်းအရသာရှိတယ်။ မုန့်မုန့်ရဲ့ဗိုက်က ပူနေပြီ" မုန့်မုန့်မှာ လက်ကလေးများဖြင့် သူမ၏ဗိုက်ကို ပုတ်ပြရင်း ကလေးသံလေးဖြင့် ပြောသည်။

"မုန့်မုန့်က ကြီးလာပြီ။ သမီးများများစားလို့ အဆင်ပြေပါတယ်" ကျန်းဟန်က ရယ်မောကာ ပြောသည်။

"ကြည့်ပါဦး မုန့်မုန့်က တစ်လတောင်မရှိသေးဘူး အရပ်ပိုရှည်လာတယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Tempat cerita menjadi hidup. Temukan sekarang