စာစဉ်(၁၉) အပိုင်း(၁၃)

184 16 0
                                    

အပိုင်း(၂၆၃)ငါ့သူဌေးရဲ့ညီမ

သူ၏အပြုအမူကို မြင်သည့်အခါ ကျန်းလီက ခေါင်းညိတ်ပြသည်။

သူမ၏မျက်လုံးများက ကျောက်ဖုန်းအား စူးစိုက်ကြည့်နေသည်။ စားသောက်ဆိုင်တွင် ရှိစဉ်၌ ပေါ့ပေါ့ပါးပပါးနေတတ်သော ကျောက်ဖုန်းက ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။

သူ၏ပေါ့ပေါ့ပါးပါးအပြုအမူ၊ ကြမ်းတမ်းသော လှုပ်ရှားမှု၊ ဟန်ပန်အမူအရာ၊ ချောမောသည့်ရုပ်ရုပ်နှင့် ရက်စက်ကြမ်းကြုတ်မှုက သူမ၏စိတ်ထဲမှ စွဲဆောင်မှုရှိသောမင်းသားလေး၏လိုအပ်ချက်များအားလုံးနှင့် ကိုက်ညီလေသည်။

အမှန်တကယ်ပင် ခြားနားမှာမှာ အံ့အားသင့်စရာပင်။

အချိန်တစ်ခုထိ သူတို့သိခဲ့သောလူက ရုတ်တရက် မာစီးဒီးကားကို အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာကာ နောက်လိုက်အများအပြားလည်း ပါလညသည်ကို မြင်လိုက်ရပါက မတုန်လှုပ်သည့်သူ ရှိမည်မဟုတ်ချေ။

လော့ချင်းသည်ပင် ယခုအခိုက်အတန့်၌ မျက်တောင်မတတ်နိုင်ချေ။ သူမသည် ပါးစပ်ကိုကျယ်ကယ်ဟက နေရာတွင်ပင်ရပန်နေပြီး သူမ၏အမူအရာက ကျန်းလီထက်ပင် ပို၍ ဆိုးလေသည်။

ကျောက်ဖုန်းက ခေါင်းကိုအသာညိတ်ကာ ပြောသည်။

"ဒီမှာရှိတဲ့လူတွေက အကုန်ပဲလား"

သူပြောပြီးသည့်နောက် အားဟူနှင့်သူ့လူများကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။ "သူတို့ကို ကိုင်တွယ်လိုက်"

"ဟုတ်ကဲ့"

အားဟူနှင့် သူ၏အဖွဲ့မှ လူ ၂၀ မှာ တခဏအတွင်းမှဦပင် လှုပ်ရှားရန် အသင့်ဖြစ်နေကြသည်။

"နေပါဦး နေပါဦး။ ကျွန်တော်တို့က ကျန်လီတို့ဘက်ကပါ" တာဟဲနှင့်သူ၏လူများမှာ ထိတ်လန့်သွားပြီး ကျန်းလီနှင့် လော့ချင်းအနားတို့ အမြန်တိုးကပ်သွားကြသည်။

ကျန်သည့်လူများမှာ ဖြူဖျော့သွားကြ၏။ အထူးသခြင့် ဝူရှောင်လဲ့၏သူငယ်ချင်းများပင်။ သူတို့မှာ တုန်လှုပ်ကြောက်ရွံ့နေကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now