စာစဉ်(၁၅) အပိုင်း(၁၂)

197 14 0
                                    

အပိုင်း(၂၀၈)ဘာကြောင့်လဲ

ကျောက်ဖုန်းသည် စားသောက်ဆိုင်ပိုင်ရှင်နှင့် ဆက်ဆံရေးတစ်ခုရှိပုံရလေသည်။ သူ အမှန်တကယ် ရောက်လာခဲ့လေ၏။

ရဲ့ဟန်နှင့်အခြားသူများမှာ သူတို့၏မျက်လုံးများကို မှေးထားကြသည်။

ဂိုဏ်းသုံးခုသည် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိခဲ့ချေ။ ၎င်းတို့သည် ပွဲကြည့်ပရိသတ်များဟု ဆိုနိုင်ပေသည်။ လောင်ပင်းသည် ဤတိုက်ပွဲအား အဆုံးသတ်နိုင်ရန် သူတို့၏အချိတ်အဆက်များကို သုံး၍ ကျွမ်းကျင်သူအချို့ကိုသာ ရှာဖွေခဲ့သည်။ ထို့နောက် တောင်ပိုင်းခရိုင်ရှိ အဖွဲ့များအားလုံးသည် လောင်ပင်းဦးဆောင်သော အုပ်စုကြီးတစ်ခုကဲ့သို့ဖြစ်လေပြီး ၎င်းတို့ဂိုဏ်းသုံးခုအနေဖြင့် သူတို့၏ရှယ်ယာများအလိုက် အမြတ်ဝေစုရရှိမည်ဖြစ်သည်။

စားသောက်ဆိုင်ပိုင်ရှင် ပါဝင်ပတ်သက်နေသော်လည်း ၎င်းတို့ရရှိမည့် အကျိုးအမြတ်များမှာ သူတို့လျစ်လျူရှုမထားနိုင်လောက်အောင် ကြီးမားလွန်းလှသည်ဟု ထင်မြင်မိကြ၏။ ချန်ရှန်နိုက်ကလပ်တွင် ဆိုင်ရှင်၏တိုက်ခိုက်မှုဗီဒီယိုအား သူတို့ကြည့်ရှုခဲ့ရပြီးနောက် အချိန်အတန်ကြာ ကျော်ကြားခဲ့သည့် ကျွမ်းကျင်သူဆယ်ယောက်ကို ရှာဖွေခဲ့ကြသည်။

သူတို့၏အမြင်တွင် ဤဆယ်ယောက်သာရှိနေခဲ့ပါက ကျန်းဟန်တစ်ဦးတည်းမပြောနှင့် ကျန်းဟန်နှစ်ယောက်ရှိနေလျှင်ပင် အကူအညီဖြစ်မည်မဟုတ်ပေ။ ပြီးခဲ့သည့်တစ်ကြိမ် ကျောက်ဖုန်းခေါ်လာခဲ့သည့် လူသန်ကြီး ရောက်လာမည်ကိုသာ သူတို့စိုးရိမ်ကြလေသည်။ အကောင်းမှာ ဂျွန်ဆင်ကဲ့သို့သော လူသန်ကြီးမှာ ဓားလှံလက်နက်များဖြင့်ပင် ထိခိုက်အောင် မလုပ်နိုင်သည့် လက်နက်ပြီးသူဖြစ်နေသောကြောင့်ပင်။

သို့သော် ၎င်းတို့ အထင်သေးနေသည့် စားသောက်ဆိုင်ပိုင်ရှင်မှာ အမှန်တကယ်အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး လုံခြုံရေးဗျူရိုကပင် ကိုင်တွယ်ရန် ခေါင်းကိုက်နေရသည်ကို သူတို့ မသိရှိကြချေ။

သူတို့ သိခဲ့ပါက နည်းနည်းလေးပင် ပါဝင်ရဲမည်ဟုတ်ကြပေ။

လူတိုင်း၏အကြည့်အောက်တွင် အနုတ်စုတ်ကုတ်စုတ် တန်ဖိုးမကြီးသည့် ကားမှာ ဖြည်းညှင်းစွာ မောင်းဝင်လာခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁၄ မှ ၂၀ ထိ)Where stories live. Discover now